“ အာ...ထယ်ယောင်းက နေ့လည်ကျရင် Ice Mocha ဝယ်တိုက်မယ်ဆိုလို့ပါ ”

ဂျောင်ကုက မလုံ့တလုံဖြင့်ဆိုသည် ။ ဟီယူကတော့ အဓိပ္ပာယ်မဖော်ဆောင်နိုင်သည့် အကြည့်တို့ဖြင့် ဂျောင်ကုအားတစ်ချက်ကြည့်လိုက်ပြီး ထယ်ယောင်းဖက်သို့လှည့်၍ ဆိုပြန်သည် ။

“ ဂျောင်ကုကိုပဲ ခေါ်တာလား ? ငါ့ကိုရော Ice Mocha ဝယ်မတိုက်ချင်ဘူးလား ? ”

“ ရတယ်လေ...နေ့လည်ကျရင် ငါတို့သွားသောက်ကြတာပေါ့...အတန်းခေါင်းဆောင်ကိုပါခေါ်လိုက် ”

ထယ်ယောင်းဖက်မှ ဖိတ်ခေါ်လာပြီဖြစ်တာကြောင့် ဟီယူခေါင်းညိတ်ကာ သဘောတူလိုက်သည် ။ ထို့နောက် သူမသည် အရှေ့ဆုံးရှိ သူမ၏ခုံနေရာသို့ပြန်သွားလိုက်ပြီး လက်ထဲကိုင်ထားသည့် ဖုန်းစခရင်အားကြည့်လိုက်သည် ။

စခရင်ထက်တွင်တော့ စာသင်ခန်း၏နောက်ဆုံးတွင် ခုံချင်းခြားထားကြသော်လည်း အကြည့်ချင်းစုံနေကြသည့် ကောင်လေးနှစ်ယောက်ရှိနေသည် ။ အလင်း အမှောင်သေချာချိန်ကာရိုက်ထားတာကြောင့် သူတို့နှစ်ဦး၏ပတ်ဝန်းကျင်သည် မူရင်းထက် ပို၍ပင်လှပလို့နေသည် ။ ဟီယူလည်း အနှီပုံအား ခေတ္တမျှခပ်ပြုံးပြုံးကြည့်လိုက်၍ အယ်လ်ဘမ်တစ်ခုထဲသို့ပြောင်းထည့်လိုက်ကာ ဖုန်းပိတ်လိုက်သည် ။

မနက်ခင်း ကျောင်းတက်သည့်အချိန်၌ အတန်းပိုင်ဖြစ်သည့် ဗလကြီးယူသည် ထယ်ယောင်းနှင့်ဂျောင်ကုတို့ဖြေဆိုထားသည့် သင်္ချာအိုလံပစ်ရမှတ်တို့အား ကြေညာခဲ့သည့်အပြင် ကျောင်းအုပ်ကိုယ်တိုင်ကလည်း ဂုဏ်ပြုတံဆိပ်ချီးမြှင့်ခဲ့သည် ။

“ ဆရာ့အတန်းက ကျောင်းသားနှစ်ယောက်စလုံးတော်ကြပါတယ်...ဒီနှစ်ကတော့ ဆရာတို့ကျောင်းက ပထမ,မရခဲ့ပေမဲ့ ဂျောင်ကုက ဒုတိယနဲ့ ထယ်ယောင်းက တတိယအသီးသီးရခဲ့ကြတယ် ”

ယူအာအင်း၏စကားအဆုံး တစ်ခန်းလုံးက ဂျောင်ကုနှင့်ထယ်ယောင်းတို့အား လက်ခုပ်တီး၍ဂုဏ်ပြုပေးကြသည် ။ ထို့နောက် ဆက်လက်၍ ရှင်းဟွာကျောင်းအုပ်က ဩဝါဒခြွေသည် ။

“ ဆရာတို့ကျောင်းက ခေတ်အဆက်ဆက်သမိုင်းကြောင်းရှိခဲ့ပြီးသား...ဒါကြောင့် သားတို့နှစ်ယောက်ဟာလည်း နောင်တစ်ချိန်မှာ ရှင်းဟွာကျောင်းကြီးရဲ့ သမိုင်းအဖြစ် ၊ ဂုဏ်ယူဖွယ်ရာအဖြစ် မှတ်ချက်တွင်လာလိမ့်မယ်...ဒီတစ်ခေါက် ပထမ,မရခဲ့ပေမဲ့ ဒုတိယနဲ့တတိယနေရာဟာ ဆရာတို့ရှင်းဟွာကျောင်းရဲ့ အပိုင်ပဲလေ...ဒါကြောင့် စိတ်ပျက်အားလျော့သွားဖို့လည်းမလိုဘူး...ဘာတွေဖြစ်နေပါစေ...ကျောင်းသားဂျောင်ကု နဲ့ ကျောင်းသားထယ်ယောင်းတို့က ဆရာတို့ကျောင်းရဲ့ ဂုဏ်အယူရဆုံးတွေပဲ ”

Compatible Pheromones |TK|✓Onde histórias criam vida. Descubra agora