ကျန်းမော့ချန် ယန်းချင်းချီခန္ဓာကိုယ်ကို အစုံအဆန်ကြည့်ရှုစစ်ဆေးနေကာ

'' ဒါဆိုရင်တော့ မင်းအလုပ်တွေက တကယ်ကြီးကိုခက်ခဲတာပဲ မကြာခင် ဝန်ပိုပိလာနိုင်လို့ ဒီခန္ဓာကိုယ်အတိုင်းသာဆို မလွယ်လောက်ဘူး ''

ယန်းချင်းချီက နှမြောတသဖြစ်သွားသည့်ရုပ်လေးဖြင့်

'' မလွယ်လောက်ဘူးလား ဒါဆိုလည်း နည်းနည်းလောက်ထပ်စောင့်ကြရအောင်လေ ''

ကျန်းမော့ချန်ရယ်လိုက်ကာ

'' အဲ့လိုပြောင်းချင်တိုင်ပြောင်းလို့ရရိုးလားကွ ''

''ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာ ပြောရေးဆိုခွင့်ရှိတဲ့လူက ကျွန်တော်ပဲဟာ ''

ကျန်းမော့ချန်ရယ်လိုက်ကာ အိပ်ယာခေါင်းရင်းအံဆွဲထဲက လေးထောင့်သဏ္ဍာန် နက်ပြာရောင်လက်ဆောင်ဘူးတစ်ခုထုတ်ရင်း

'' ကိုယ့်မှာ မင်းအတွက် နောက်ထပ်လက်ဆောင်တစ်ခုရှိသေးတယ် အမှန်အတိုင်းပြောရရင် မင်း နန်ချန်ရှယ်ယာတွေကို ကြိုက်ပါ့မလား၊ မကြိုက်လောက်ဘူးလားနဲ့ ကိုယ်ကိုယ်တိုင်လည်း မရေမရာတွေဖြစ်နေခဲ့တာ အဲ့ဒါနဲ့ တစ်ခုမကြိုက်ရင် နောက်တစ်ခုနဲ့ပြန်ချော့လို့ရအောင် လက်ဆောင်နှစ်ခုပြင်ထားတာ ''

ယန်းချင်းချီ သူ့ဘယ်ဘက်လက်သန်းကြွယ်ပေါ်မှာ ဝတ်ထားသည့် လက်စွပ်လေးကို မြှောက်ပြရင်း

'' ကျွန်တော်က ဒါကို မွေးနေ့လက်ဆောင်လို့ထင်လိုက်တာ ''

'' အဲ့ဒါက ကိုယ်တို့နှစ်ယောက်ရဲ့ စေ့စပ်လက်စွပ်လေ လက်ဆောင်မဟုတ်ဘူး ''

ယန်းချင်းချီ ကျန်းမော့ချန်လက်ထဲက ဘူးကိုလှမ်းယူလိုက်ကာ

'' ဒီတစ်ခေါက်ရောဘာလဲ ''

ယန်းချင်းချီ ထိုသို့မေးလိုက်ရင်း ဘူးအဖုံးကိုချက်ချင်းဖွင့်ကြည့်လိုက်ချိန် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အံ့အားသင့်သွားလေသည်။ အထဲမှာ နာရီတစ်လုံးရှိနေသည်။ သူ ကျန်းမော့ချန်ကို ပေးခဲ့ဖူးသည့် နာရီနှင့်မတူပဲ ဒီတစ်လုံးကပိုပြီးဖက်ရှင်ကျသည်။ အပြာရောင်ဒိုင်ခွက်ပေါ် ငွေရောင်ဖျော့ဖျော့သန်းနေကာ မျက်နှာပြင်ကို ကြယ်ပုံစံ နီလာကျောက်လေးများဖြင့် တန်ဆာဆင်ထားသည်မှာ ပိုက်ဆံဘယ်လောက်မြောက်မည်မှန်းသိသာလှသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now