'' ယန်ယန် ငါ့ကိုပေးဖို့ဘာလက်ဆောင် ပြင်ဆင်ထားလဲ ''

ပေါယန်က ချီချီ့မွေးနေ့လက်ဆောင်အတွက် ကလေးစီးစက်ဘီးလေးပြင်ဆင်ထားသည်။ အစကတော့ သူက ကားတွေကိုနှစ်သက်တာကြောင့် သူ့အချစ်ဆုံးသူငယ်ချင်းကို ကားဝယ်ပေးလိုက်တာက အကောင်းဆုံးရွေးချယ်မှု ဟုထင်ခဲ့သည်။ သို့သော် ပေါယန် ချီချီ့အတွက် ကလေးစီးကားဝယ်ပေးဖို့ ပြင်လိုက်ကာမှ ချီချီ့ဆီမှာတစ်စီးရှိနေတာကို ပြန်အမှတ်ရသွားသည်။ အဲ့လိုနဲ့ပဲ စက်ဘီးဝယ်လာခဲ့ရခြင်းဖြစ်သည်။ အမှန်ကတော့ သူအစပိုင်းမှာ ကားဝယ်ပေးလို့မရတဲ့အတွက် မော်တော်ဆိုင်ကယ်ဝယ်ပေးဖို့ ကြံလိုက်သေးသော်ငြား ထိုအကြံကို ပေါဖုန်းက ပြတ်ပြတ်သားသားငြင်းပစ်လိုက်သည်။

'' ချီချီ့အတွက် ကားတောင်တော်တော်လွန်နေပြီ မင်းစီးရင်တော့အဆင်ပြေနိုင်ပေမဲ့ ချီချီ့လိုကလေးမျိုးကျတော့ မော်တော်ဆိုင်ကယ်ကြီးနဲ့ ဘယ်လိုက်ပါ့မလဲ သူများအိမ်က ဂျယ်လီခဲလေးကို မင်းလိုကျောက်ခဲတုံးကြီးဖြစ်လာအောင် မဆွဲဆောင်စမ်းနဲ့! ''

ပေါယန် မော်တော်ဆိုင်ကယ်ကို လက်ညှိုးထိုးပြကာ

'' ဒါဆို သားကိုဒါဝယ်ပေး ပါးပါးခုနကပြောလိုက်တယ်မလား သား စီးရင်အဆင်ပြေတယ်ဆိုပြီး ''

'' တော်လိုက်တဲ့ကလေး ရေလိုက်ငါးလိုက်လုပ်ဖို့ သင်ယူတတ်နေပြီ '' ပေါဖုန်း ပေါယန်ပုခုံးကိုပုတ်ကာ '' ဒီအဖေရှိလို့ ဒီလိုပါးနပ်တဲ့သားမျိုးထွက်လာတာ ကောင်းပြီ ငါ မင်းအတွက်ပါတစ်စီးဝယ်ပေးမယ် ''

အဲ့လိုနဲ့ပဲ ပေါယန်တစ်ယောက် ချီချီ့မွေးနေ့အတွက်လက်ဆောင်သွားဝယ်ရင်း သူ့အတွက်ပါ ကလေးစီးဆိုင်ကယ်တစ်စီးရလာလိုက်သည်။

ချီချီ့အတွက် စက်ဘီးအပြင်ကို သူကိုယ်တိုင်ရေးဆွဲထားသည့် comic ပုံပြင်တိုလေးကလည်း အစစ်ပါသေးသည်။ _____ ဒါလေးက သူတို့နှစ်ယောက်အတွက် ရိုးရာတစ်ခုလိုဖြစ်လာမှာဖြစ်ပြီး မွေးနေ့ရောက်လာတိုင်း ဘာကြီးဝယ်ပေးဝယ်ပေး ကိုယ်တိုင်ဆွဲcomicတိုလေးကလည်း မပါမဖြစ်ပင်။ ချီချီ ဝမ်းသာအားရလက်ခံလိုက်ကာ

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now