သီချင်းပြီးဆုံးတာနဲ့ တစ်ပြိုင်နက် သူတို့ရဲ့အနမ်းဖလှယ်ပွဲလေးလည်းပြီးဆုံးသွားသည်။ ကျန်းမော့ချန် နောက်ကိုတစ်လှမ်းပြန်ဆုတ်ကာ ဘယ်ဘက်ရင်ဘတ်ပေါ်ညာဘက်လက်အပ်ရင်း ကိုယ်ကိုကိုင်းညွှတ်လိုက်သည်။

'' အတူတွဲကခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ် ပျော်ရွှင်ဖွယ်ရာအချိန်လေးဖြစ်ခဲ့ပါတယ် ''

ကျန်းမော့ချန်ရဲ့ အခုလိုပုံစံလေးက အရမ်းကိုမှချစ်ဖို့ကောင်းနေတဲ့အတွက် ယန်းချင်းချီနှလုံးသားလေးထဲ အချိုတွေပြည့်ဝနေသည်။

သီချင်း၊ အကအခုန်၊ ရေပန်းတို့ရပ်သွားတာနဲ့ ရင်ပြင်ပေါ်ကလူတွေတဖြည်းဖြည်းကျဲပါးသွားကြသည်။

သူ ကျန်းမော့ချန်ကိုကြည့်ကာ

'' ကျွန်တော်တို့လည်းပြန်ကြမလား ''

ကျန်းမော့ချန်ခေါင်းငြိမ့်ပြသည်။ 

'' မဟုတ်ရင် လီလောင်ရှီးနဲ့ တခြားလူတွေ ကိုယ်တို့ကိုလိုက်ရှာနေလိမ့်မယ် ''

နှစ်ယောက်သားပူးပူးကပ်ကပ်နေမယ်ကြံကာမှ ပြန်ရတော့မယ်ဟုကြားလိုက်ရတော့ ဟိုကိုပြန်ရောက်လျှင် အရင်းနှီးဆုံးသူငယ်ချင်းတွေပုံစံဟန်ဆောင်ပြီး နေချင်သလိုနေလို့မရတော့တာကိုတွေးမိသွားတာကြောင့် ယန်းချင်းချီ စိတ်ပျက်လက်ပျက်သက်ပြင်းချလိုက်မိသည်။ သူ လက်နှစ်ဖက်ကိုကျယ်ကျယ်ဖွင့်လိုက်ကာ

'' လာ မပြန်ခင်လေးတစ်ခေါက်လောက်ဖက်ရအောင် မဟုတ်ရင်အခွင့်အရေးရှိမှာမဟုတ်တော့ဘူး ''

ကျန်းမော့ချန် ပြန်ပွေ့ဖက်ထားလိုက်ကာ အသံတိမ်တိမ်လေးဖြင့်

'' အခွင့်အရေးမရှိဘူးလို့ ဘယ်သူကပြောလဲ ညတိုင်းမင်းကိုဖက်အိပ်နေတာကိုယ်ပဲမဟုတ်ဘူးလား ''

'' ဒါဆိုလွှတ် ''

''ကိုယ်က အဲ့လိုလူမျိုးလား '' ကျန်းမော့ချန် ယန်းချင်းချီ နားကိုဖွဖွလေးကိုက်ပစ်လိုက်ကာ '' ကိုယ့်ရင်ခွင်ထဲရောက်လာမှတော့ ဘာကိစ္စနဲ့လွှတ်ပေးရမှာလဲ ''

ယန်းချင်းချီ ကျွတ်ကျွတ် နှစ်ခါစုတ်သပ်လိုက်ကာ

'' ခေါင်းပုံဖြတ် အမြတ်ကြီးစားတဲ့ အခွင့်ရေးသမား ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now