Part (1) (ကျောင်းပြေးသော အငယ်လေး)

32.4K 1.3K 76
                                    

Zawgyi

A/N
ပြောထားခဲ့သလို ၊ ASTILLBE Season (2) လေးပါ။

<<<<<<
>>>>>>

" ကမ္ဘာ သောက်လေ ဟေ့ကောင် "

" တော်ပြီ ငါဒီတိုင်းလိုက်လာတာ မသောက်ချင်ဘူး "

" ဟာ မင်းကလည်း အောက်လိုက်တာကွာ ဆေးလိပ်သောက်တာက စတိုင်ကျတာကွ ငါ့စော်ဆို ငါဆေးလိပ်သောက်ပြီး သူ့ကိုနမ်းရင် အရမ်းသဘောကျတာ "

မှိုင်းကမ္ဘာငယ် ခေါင်းယမ်းလိုက်သည်။ တိမ်တို့က ကျောင်းပြေးပြီး ကလပ်သွားမည်ဟု ပြောတာကြောင့် လိုက်လာခဲ့တာဖြစ်သည်။ ပထမဆုံးကျောင်းပြေးဖူးတဲ့အတွက် ကြောက်နေပေမယ့်လည်း အသစ်အဆန်းကို စူးစမ်းချင်တာကြောင့် ဒေါကန်နေမည့် ဖေဖေ့ကိုမေ့သွားခဲ့သည်။ ကလပ်ကိုရောက်တော့မှ ကလပ်ဆိုတာ ကောင်းမွန်တဲ့နေရာမဟုတ်မှန်း သဘောပေါက်လိုက်သည်။ ဆေးလိပ်နံ့တွေ အရက်နံ့တွေ ဟောင်နေပြီး ဆူညံနေ၏။ ကခုန်နေကြတဲ့လူတွေကလည်း သူလိုကိုယ်လို လူငယ်တွေဖြစ်သည်။ ပြောရရင် မှိုင်းကမ္ဘာငယ်တို့က ဆယ်တန်းကျောင်းသားဖြစ်ပြီး အသက်ပြည့်သေးတာမဟုတ်ပေ။

တိမ်တို့ အဖေဖွင့်ထားသည့် ကလပ်ဖြစ်တာကြောင့် သူတို့တွေအကုန်လုံး မှတ်ပုံတင်ပြစရာမလိုခြင်းဖြစ်သည်။

" ဟေ့ကောင် ငါပြန်တော့မယ် အိမ်ပြန်နောက်ကျလို့တော့မဖြစ်ဘူး "

" အခုမှနေ့လည်ပဲရှိသေးတယ် အစောကြီးလိုပါသေးတယ် မင်းအခုပြန်ရင် ကျောင်းကိုလည်းဝင်မရတဲ့အပြင် အိမ်ကိုလည်းပြန်လို့ရမှာမဟုတ်ဘူး ကျောင်းဆင်းကာနီးမှ အကျီလဲပြီးကျောင်းသားတွေနဲ့ဝင်ရောလို့ရတာပဲ easy ပါကွာ "

မှိုင်းကမ္ဘာငယ် မျက်မှောင်ကြုတ်သွားသည်။ သူလိုက်လာမိတာမှားသွားခဲ့ပြီ။ ဒီကောင်က​တော့ သူ့အဖေကိုယ်တိုင်က ဘာမှမပြောတာမို့ အပြန်နောက်ကျလည်းပြသာနာမရှိပေ။

" မသိဘူး ဟေ့ကောင် ငါတော့လစ်ပြီ "

" သဘောပဲကွာ "

မှိုင်းကမ္ဘာငယ် ကလပ်ထဲက ထွက်လာခဲ့သည်။ ကိုကိုနဲ့ သူကကိုးတန်းမှာစပြီး အတန်းကွဲသွားတာဖြစ်သည်။ ကိုးတန်းအောင်တော့ ငယ်ကB အခန်းကိုရောက်သွား၏။ ကိုကိုက ငယ့်ထက်စာရင်စာတော်တာကြောင့် Aခန်းရဲ့ထိပ်ဆုံးကနေမဆင်းပေ။ ထို့ကြောင့်လည်း ငယ်ကျောင်းပြေးတာကိုမသိခြင်းဖြစ်သည်။ ငယ်လုပ်ချင်တာလုပ်ခဲ့ပြီးကာမှ ချွေးတွေပြန်နေတော့သည်။ ကျောင်းပြန်ရင်လည်း ကျောင်းထဲဝင်လို့မရသလို အိမ်ပြန်ရင်လည်း ဖေဖေက တန်းမိမှာဖြစ်သည်။

Mr. Professional ( Ongoing ) Where stories live. Discover now