Ep29

1.2K 54 1
                                    

"ဒါလေးစားအချစ် မောင့်အချစ်က
အသားလေးပြည့်နေမှ မောင်စိတ်ချမ်းသာတာ"

ပန်းကန်ထဲရှိ ကြက်သားဖက်လေးကို
ဇွန်းနဲ့ခပ်လို့ ထမင်းစားနေလေသော
ဦးလွင်ရဲ့ ပန်းကန်ထဲသို့
ထည့်ပေးလိုက်လေတော့
ခေါင်းလေးငုံကာ ပြုံးလေတယ့်
ဦးလွင်ရဲ့အပြုံးလေးက သိပ်ကို
မြတ်နိုးစရာလေး။

မာန်သဘောကျလေသော
ပါးချိုင့်ကလေးဟာ
ကိုယ်တိုင်ရဲ့အပြုအမူလေးကြောင့်
ပေါ်လာလေတော့ ထမင်းစားနေရင်းနဲ့တောင်
အချစ်ကိုဘဲငေးကြည့်ခြင်တာ။

မာန်ရဲ့အဖြစ်ကိုသိလေတယ့် လွင်မှာတော့
အနည်းငယ်ရှည်နေလေသော
ဆံပင်လေးကို သပ်တင်လိုက်ကာ
ရှေ့မှာရှိနေလေတယ့် ပန်းကန်ထဲက
ငရုပ်ပွကို ပန်းကန်ထဲထည့်ပေးလေတော့
နှုတ်ခမ်းလေးဆူသွားလေတယ့်မောင်

ဆူပုတ်ပုတ်လေးနဲ့တကယ်ကို
ငရုပ်ပွကိုစားရင် လုပ်လေတော့
လွင်သာ ပြန်ယူရတယ့်အဖြစ်။
နှုတ်ခမ်းလေးဆူနေကာ
ကလေးဆိုးလေးလုပ်ခြင်နေတယ့်
မောင်ကြောင့်
သေချာ ကြက်ကုန်းဘောင်ကြော်လေးကို
ထည့်ပေးလေတော့ ပြုံးလေတယ့်မောင်ဟာ
သိသိသာသာမဟုတ်တယ့်
နှုတ်ခမ်းလေးတွန့်ရုံ သို့ပေမယ့်
ထိုနှုတ်ခမ်းလေးတွန့်ရုံဟာ ဘယ်လောက်တောင် ပျော်ရွှင်မှုနဲ့ပြုံးလည်းဆိုတာ
လွင်သိသည်။

'မောင့်အမျိုးသားက ဂရုစိုက်တော့
ပျော်လိုက်တာ"

မောင့်ရဲ့မတိုးမကျယ်စကားလေးကြောင့်
လွင်မှာ ပိုလို့ပြုံးကာ
ဟင်းတွေကို ထပ်ထည့်ပေးလေတော့
နားသယ်စပ်ကလေးနားက
နွေးခနဲလေး ။

မောင့်ကိုလှည့်ကြည့်လေတယ့်အခါမှာတော့
မောင်ဟာ သူမဟုတ်သလို
သို့ပေမယ့် တရားခံဟာမောင်ဆိုတာ
မျက်နှာထက်ရှိ လုပ်ခြင်ရာလုပ်ပြီးတိုင်း
ပြုံးလေတယ့်အပြုံးကြီးက
ဖော်ကောင်လုပ်နေလေသည်။

ထမင်းဆက်စားနေတုန်းမှာ
ခြေထောက်နားက လှုပ်လှုပ်ရွရွလေးကြောင့်
ငုံကြည့်လေတော့ အမည်းရောင်ကြောင်လေး။

အစာတောင်းနေသည်မလို့
လွင်ငုံကြည့်တယ့်အခါမှာ
မြှောင်ဆိုပြီးတောင် အော်လာသည်။

မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် CompleteWhere stories live. Discover now