Ep24

879 52 1
                                    

မနက်ခင်းရဲ့နေရောင်ခြည်တစ်ချို့ဟာ
မီးဖိုခန်းရဲ့ဖွင့်ဟထားသော
ပြတင်းပေါက်ကလေးကနေ
အိမ်ထဲသို့ဝင်ရောက်ကာ
အလင်းတို့ဖြာကျနေသည်။
မီးဖိုခန်းထဲတွင်ကြားနေရသော
ဟင်းသီးဟင်းရွက်တို့ကို ဓါးဖြင့်လှီးဖြတ်သံ
ဟင်းချက်သံတွေမှာ သိပ်မဆူညံ့ဘဲ
တမင်တကာကို အသံတိုးနိုင်သမျှတိုးစေဖို့
ရည်ရွယ်ကာ ဂရုတစိုက်ချက်နေသလို။
ဟင်းရည်ဆူလာသော အိုးလေးရဲ့
အဖုံးကို ဖွင့်လိုက်ချိန်မှာ
လေထဲသို့ပျံ့လွှင့်သွားသော
ဟင်းအနံ့တို့မှာ အနံ့ရရုံနဲ့တင်
အရသာသိပ်ကောင်းမည်ဟုပြောနိုင်သည်။

ထိုသို့သောဟင်းပွဲတွေကို
ချက်နေသူဖြစ်တယ့်
တိုက်အိမ်ဝါလေးရဲ့ မီးဖိုချောင်မှာ
ချက်ပြုတ်နေသူဟာ
နေ့စဥ်ချက်ပြုတ်နေကြသူတော့မဟုတ်
ဦးလွင်လို့အမည်တွင်သော
လူသားလေးရဲ့ချစ်ရတယ့် ခင်ပွန်းသည်
မာန်သာဖြစ်သည်။

ချစ်ရသူအတွက်ဟင်းချက်ပေးနေချိန်မှာ
မာန်ရဲ့အပြုအမူတွေဟာ စေတနာပါမှန်းသိသာကာ
ချစ်ရသူအတွက်ဆိုတယ့်
မြတ်နိုးစိတ်ကလေးနဲ့ ဟင်းချက်နေသည်။
စလောင်းဖုံးကို ဖွင့်ကာဘေးကိုခနချတယ့်
အသံလေးကအစ
ညက အိပ်ရာဝင်နောက်ကျသော
မျက်ဝန်းညိုလေးမနိုးစေရန် သိပ်ကို
သတိထားနေတာ။

ဟင်းအိုးထဲမှာ အရည်တို့ပွက်ပွက်မြည်နေပြီ
ဖြစ်တယ့်
အချိုမှုန့်မပါဘဲ ငံပြာရည်လေး
အနည်းငယ်ထည့်ကာ တည်ထားသော
မျှစ်အစပ်ဟင်းကလေးကို
မာန် တစ်ချက်မြည်းလိုက်တော့
ဦးလွင်ချက်နေကြဖြစ်တယ့်အရသာနည်းပါး
ဖြစ်သည်မလို့ နှုတ်ခမ်းမှာ
ဟင်းချက်နေတုန်းကထက် ပိုလိုတောင်
ကော့တက်သွားသည်။
ထို့နောက် ဟင်းအိုးလေးထဲကို
ငရုတ်သီးလေးတွေတစ်ဝက်ခြမ်းကာ
ထည့်လိုက်လို့ အဖုံးလေးအုပ်ထားလိုက်ရင်း
တစ်ဖက်မှာ ချစ်ရသူလေးသိပ်ကြိုက်တယ့်
ကြက်အူဟင်းလေးကို မဆာလာခပ်များများနဲ့
ငရုတ်ကောင်းလေးနည်းနည်းဖြူးကာ
အချိူအငံနယ်လို့ ဟင်းအိုးတည်ရန်
ပြင်လိုက်သည်။
ငရုတ်သီးထောင်းတာနဲ့ချက်တာကို
မကြိုက်တယ့်ချစ်ရသူလေးကြောင့်
အိုးထဲကို ဆီလေးအနည်းငယ်ထည့်ကာ
ဆီလေးပူလာချိန်တွင်
အစိမ်းမှုန့်အနည်းငယ်ထည့်ကာ
ခနစောင့်လို့ ကြက်သွန်အဖြူနီဆီသပ်ရင်း
ကြက်အူနယ်ထားတာလေးကိုပါရောထည့်လိုက်လို့ ရေအနည်းငယ်ထည့်ကာ
အဖုံးကလေးအုပ်လို့ ဟင်းအိုးတည်ခြင်းကို
ပြုလုပ်လိုက်သည်။
ဒီနေ့အတွက် အိမ်ရှင်မလေးဖြစ်သူကတော့
မာန်ပေါ့။

မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် CompleteWhere stories live. Discover now