သဝန်တိုကာ
သိပ်ကိုချစ်ဖို့ကောင်းလွန်းတယ့်
အချစ်ကို စိတ်မချတာကြောင့်
သင်တန်းကိုလိုက်လာပါတယ်ဆိုကာမှ
မာန်မှာပိုလို့တောင် သဝန်တိုရတယ့်အဖြစ်။ဒီဘက်မှာ မာန်ကတော့ Management ပိုင်းဆိုင်ရာကို သင်ကြားနေရင်းကနေ
ဘေးဘက်က ကွန်ပျူတာသင်ပေးနေတယ့်
ဦးလွင်ကိုလည်း ခိုးခိုးကြည့်မိသည်။သင်တန်းတက်ရောက်တယ့်သူတွေကို
အပြုံးလေးနဲ့ သေချာသင်ကြားပေးနေတယ့်
ဦးလွင်။
ဦးလွင်တစ်ခါပြုံးတိုင်း ငေးမောမိတယ့်
မာန်မှာ ဦးလွင်ကို
ကြည့်နေတယိ့သူတွေကိုအော်ပစ်ခြင်သည်။
"ဦးလွင်က ငါ့အပိုင်မကြည့်နဲ့
ကြည့်ရဘူးလို့!!!! "ပေါ့ဘာမှကိုသတိမထားဘဲ
ကိုယ်လုပ်စရာရှိတာကိုသာ
လုပ်နေသော ဦးလွင်ကတော့
ပတ်ဝန်းကျင်အား သတိမထားမိပေ။
မာန်ဒီလောက်စိုက်ကြည့်တာတောင်
လှည့်မကြည့်လေသော ဦးလွင်ကြောင့်
နှာခေါင်းလေးတစ်ချက်ရှုံ့ကာ
ဒီဘက်သာ ပြန်လှည့်လိုက်တော့သည်။
မောင့်ကို ဦးလွင်အဖက်မလုပ်ဘူးတွေ့မယ်ဟွန်း။လွင်မှာတော့ လက်ကွက်သင်ပေးနေရင်းမှ
ဘေးဘက်ကနေ စူးစိုက်ကြည့်နေသော
မောင့်အကြည့်တို့ကို ခံစားမိပါသည်။
သို့သော်လှည့်မကြည့်မိ
အိမ်ထောင်သက်ဘယ်လောက်ကြာကြ
အခုထိကို ကြင်စဦးအတွဲတွေလို
အချစ်တွေတိုးလို့ နှလုံးခုန်သံတွေ
သစ်လွင်နေတယ့် မောင်နဲ့လွင်ရဲ့
အိမ်ထောင်ရေးကြောင့်
လွင်မှာ အခုလိုအကြည့်ခံရတာတောင်
ပါးလေးတွေရဲလာလို့ဖြစ်သည်။
မောင်အကြည့်တွေက စူးလွန်းတယ့်
ကိုယ့်ကိုယ်လေးကိုတောင်
အကြည့်တွေက ဖောက်သွားသလိုဘဲ။အတွေးတို့ကို ခေါင်းထဲကထုတ်လို့
အနည်းငယ်ရဲခြင်နေပြီဖြစ်တယ့်
ပူနေတယ့် ခံစားနေရတယ့်
လွင်ရဲ့ပါးလေးကို
ကိုယ့်ဘာသာ လက်ကလေးကပ်လို့
အေးအောင်လုပ်ရင်း
လုပ်စရာရှိတာသာဆက်လုပ်တော့သည်။မကြည့်တော့ဘူးဆုံးဖြတ်ထားပေမယ့်
ဦးလွင်ကိုသာ အားလပ်ချိန်တိုင်း
ဆက်ငေးနေမိတယ်မာန်ဟာ
သင်တန်းသားထဲက နကိုတည်းက
မျက်နှာသိတစ်ယောက်ရဲ့
စနောက်လိုဟန်နဲ့ပြောသောစကားတွင်
အကြည့်တို့လွှဲလိုက်ကာ
မျက်နှာတို့တည်တင်းသွားလေသည်။

YOU ARE READING
မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် Complete
Romanceနွေးထွေးတယ့် အိမ်ထောင်ရေးလေး နားလည်မှုရှိတယ့်အိမ်ထောင်ရေးလေးကို ကိုယ်တို့အတူတူတည်ဆောက်ရအောင် တစ်ယောက်နဲ့တစ်ယောက် လက်တွဲမဖြုတ်ကြေးနော် မာန် #လွင် သဝန်တိုလို့ မောင်ဒေါသထွက်မိရင် ဦးလွင် စိတ်တော့မဆိုးလိုက်ပါနဲ့ ကျွန်တော်က သိပ်ချစ်လို့ သဝန်တိုမိတာပါ။ ဦ...