Ep11

1.4K 87 1
                                    

"မာန် အခုဘာဝယ်စရာရှိသေးလဲ"

မနက်ဖြန်ဆိုရင် မေမေတို့ရှိရာကို
ပြန်မှာဖြစ်တာကြောင့်
ဒီကနေ မေမေကြိုက်တာလေးတွေကို
ဝယ်ခြင်တယ်ဆိုကာ မာန်က
ပူဆာတာမလို့ အခုလောလောဆယ်
လွင်နဲ့မာန်မှာ ၅၆ဈေးရှိ
ရှမ်းခေါက်ဆွဲရှယ်အသားနဲ့၅၀၀လို့
ရေးထားတယ့်ဆိုင်လေးကိုရောက်နေခြင်း
ဖြစ်သည်။

ကွေ့တီယိုစားနေတယ့် လွင်ဟာ
ကော်ရည်ခေါက်ဆွဲစားနေတယ့်
မာန်ရဲ့ဇွန်းလေးထဲသို့ ကြက်သားဘက်လေး
ထည့်ပေးရင်း မေးလိုက်တော့
မာန်က ငပိထောင်းကြောင့်
စပ်ကာချွေးထွက်နေတယိ့ နှာခေါင်းလေးကို
တစ်ရှူးလေးနဲ့သုတ်လျှက်
ပြန်ဖြေလာသည်။

"မောင်အတွက်တော့ဝယ်စရာမရှိတော့ဘူး။
ဒါပေမယ့် မောင် မေမေ{လွင့်အမေ}အတွက်
သစ်သီးလေးဝယ်ခြင်တယ်။
စောနက ဟိုဘက်မှာ စိန်တစ်လုံးနဲ့
စတော်ဘယ်ရီလတ်တာလေးတွေ
တွေ့လိုက်တယ်"

"အွန်းမောင် စိတ်ဝင်စားတယ်ဆို
စားပြီးရင် သွားကြည့်ကြတာပေါ့။
တစ်ခုတော့ကြိုပြောမယ်နော်
ဈေးမတန်မဆများရင် ကိုယ်ဝယ်ဖို့
ခွင့်မပြုဘူးနော်"

လွင်ရဲ့စကားကြောင့်
မာန်မှာ" ဟုတ်ကဲ့ပါ"ဆိုပြီး
စကားပြန်လေရင်း
ပါးလေးတစ်ဖက်ဖောင်းကာ
လက်ညိုးထိုးပြသည်။

"ဘာ ဘာလုပ်တာလဲမောင်"

"မောင်စကားနားထောင်တယ်လေ
မွမွပေး"

မောင့်ရဲ့စကားကြောင့် လွင်မှာ
မျက်နှာကြီးနီတက်လာသည်။

"မာန်ကလည်းကွာ"

"နော်လို့ မွမွလေးပေးစိလေးဘဲပေးလေ"

ပြောရင်းနဲ့အနားသို့ တိုးလာတယ့်မာန်ကြောင့်
လွင်မှာ ကွေ့တီယိုအရည်တစ်ဇွန်းခပ်လို့
မောင့်ကို ခွံ့လိုက်လို့
ကျန်တာကို ဆက်စားနေတော့
ပြုံးလိုက်တယ့်မာန်ဟာ
သိပ်ကိုကြည့်လို့ကောင်းတယ့်
ပါးချိုင့်လေးတွေပေါ်နေပြန်သည်။
အူတိုလိုက်တာနော် မောင့်ရဲ့ချောမောမှုကို
ဖြည့်ဆည်းနေတယ့် တစ်ခါတစ်ခါပေါ်ပေါ်လာတယ့်
ထိုပါးချိုင့်လေးတွေကို လွင်ဘဲမြင်ခြင်တာ။

မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် CompleteWhere stories live. Discover now