Ep26

899 51 1
                                    

"ဘယ်သွားစရာရှိလို့လဲဦးလွင်"

ဧည့်ခန်းရှိသစ်သားကုလားထိုင်ပေါ်တွင်
စာအုပ်ဖတ်နေသောမာန်ဟာ
လက်ကိုင်တန်းပေါ်သို့လာထိုင်လေသော
ဦးလွင်ရဲ့အပြင်အဆင်ကိုကြည့်လို့
မေးလိုက်သည်။

စက္ကူဝါရောင် သတင်းစာအဆင်အင်္ကျီ
အပြာနုရောင်ဂျင်းဘောင်းဘီအပွအရှည်တို့နဲ့
ဦးလွင်ဟာ အင်္ကျီလေးကိုအထဲထည့်ဝတ်ထားသည်မလို့
ခါးသိမ်သိမ်လေးပေါ်ကာ သိပ်ကို
ဆွဲဆောင်မှုရှိနေလေသည်။
ခါးလေးကိုလက်တစ်ဖက်နဲ့ဆွဲဖက်လေတော့
မာန်ကဘဲအားထည့်တာများသွားသာ်လား
မသိ
ပေါင်ပေါ်သို့ပြုတ်ကျလာလေတယ့်
ဦးလွင်ကိုယ်လေးကအိခနဲလေး။

"ကိုယ် သူငယ်ချင်းတွေနဲ့သွားတွေ့မလို့မောင်"

"ဘယ်မှာချိန်းထားတာလဲ"

မာန်မျက်နှာထားတည်တည်လေးနဲ့
မေးလေတော့ ဟီးခနဲ
သွားတန်းလေးတွေပေါ်သည်အထိရယ်ပြကာ
မာန်ရဲ့ပါးချိုင့်ကလေးတွေရှိရာကို
လက်ညိုးကလေးထောက်လို့
ခေါင်းလေးအနည်းငယ်စောင်းပြကာ
မဝံ့မရဲနဲ့ချစ်စရာကောင်းသော
ပုံစံလေးဖြင့်ဖြေလာသည့်ဦးလွင်ဟာ
ဘားသွားမလို့ပါတယ့်လေ။

ဒီလူကို သွေးတက်စေခြင်တာလားမသိ
ဘယ်လိုဘဲသူငယ်ချင်းနဲ့ဖြစ်နေပါစေ။
မောင့်ဦးလွင်ကို အခြားသော
သူစိမ်းနဲ့နီးကပ်စွာမထားခြင်
စိတ်မချတာမလို့
မာန်ရဲ့မျက်မှောင်တို့မှာ စိတ်အလိုမကျတာနဲ့
ထိလုမတတ်မျက်မှောင်ကြုတ်ခြင်းကို
အလိုအလျောက်လုပ်ဆောင်လေသည်။

"အချစ်တစ်ခြားနေရာချိန်းလို့မရဘူးလား"

"အာကိုယ်တို့က ချိန်းထားပြီးနေပြီလေမောင်"

"မောင့်ကိုဘာလို့ကြိုမပြောတာလဲ"

ရစ်တော့မည့်အခြေအနေရှိလေသည့်
မောင့်မျက်နှာရိပ်မျက်နှာကဲကိုသိတော့
လွင်မှာ စကားပြောတာကို
ခူချိန်သတိထားဖို့ဆုံးဖြတ်လိုက်သည်။
လွင်ရဲ့အမှားပါကြိုပြောသင့်တာကို
မပြောမိလိုက်တာ။
တကယ်တော့ သူတို့တွေစောနက
စာပို့မှလွင်သတိရတာ။
ဒါတွေကိုထားပါ အခုတော့
ငိုတော့မလိုလို ဒေါသတွေဘဲထွက်သလို
ဝမ်းနည်းခြင်းကိုပါ ပြနေသည့်
မျက်နှာပိုင်ရှင်လေးကြောင့်
လွင်ရဲ့စိတ်လေးမှာအရည်ပျော်လေပြီ။

မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် CompleteWhere stories live. Discover now