Ep23

1K 56 1
                                    

"မောင် မင်းမိုးမိလာပြီမလား။
ညကျရင်ဆေးကြိုသောက်ဖို့လုပ်တော့"

အိမ်ရှေ့မှာ မိုးရေတွေဆိုကာ
ကြွက်စုတ်ကလေးဖြစ်နေသောမာန်ဆီသို့
သဘက်နှင့်အဝတ်အစားတွေယူရင်း
ခပ်သွက်သွက်သွားရာမှ
လှမ်းဆူလိုက်သည်။

ဒီကောင်လေးနေမကောင်းဖြစ်မှာကို
လွင်သိပ်ကိုစိုးရိမ်ပါသည်။
တစ်ခါတလေနေမကောင်းဖြစ်ရင်
တစ်ပတ်လောက်ကို
သူမဟုတ်တော့သလိုလေးဖြစ်နေပြီးမျက်နှာငယ်လေးနဲ့မို့
ဒီလူမှာဘယ်လိုမှမခံစားနိုင်ပေ။

မိုးစိုနေတယ့်မောင်ရဲ့ဆံပင်တွေရှိရာကို
သဘက်ကလေးနဲ့ ခပ်ဖွဖွဆွဲယူကာ
သုတ်ပေးတော့
အင်္ကျီအစိုကြီးနဲ့ကို ရေချိုးပြီးသော
လွင်ကို ရင်ခွင်ထဲထည့်ကာဖက်လိုက်သော
မာန်

"ဟင် မောင်ဖယ် ကိုယ့်ကိုစိုကုန်ပြီ"

"မောင်ဖက်ခြင်လို့ခနလေးပါဦးလွင်ရာ"

တင်းကျပ်စွာဖက်ထားလို့
လွင်ရဲ့နှုတ်ခမ်းတွေကို မွတ်သိပ်စွာ
နမ်းလာတယ့်မာန်
ခါးကနေတင်းနေအောင်ဖက်ထားတယ့်
မာန်ရဲ့လက်တွေကအားသန်လွန်းသည်။
ခြောက်သွေ့နေတယ့်လွင်အဝတ်တွေဟာ
မာန်ရဲ့ရေစိုနေသောကိုယ်နဲ့ထိကပ်နေတာမလို့
တစ်စီမှစပြီး အတော်များများကို
ရေစိုသွားသည်မှာ ရေချိုးထားသလို။

ချစ်ရသောသူရဲ့ အညိုရောင်နှုတ်ခမ်းပါးလေးကို
မာန် အပေါ်တစ်ဖက်အောင်တစ်ချက်ထိကပ်ကာ
ဆွဲစုပ်လိုက်ရင်း
မြတ်နိုးခြင်းများစွာဖြင့်
အနမ်းတွေပေးနေသည်မှာ
အချိန်ခနတာ​ကြာသွားသည်အထိ။

မာန်ရဲ့စိတ်မထိန်းနိုင်းစွာ
အားရအောင် နမ်းလိုက်မှုအပြီးမှာ
လွင်ဟာ အသက်ကိုဝအောင်ရှုနေရသည်။
အစတည်းကဝတ်ထားတယ့်အင်္ကျီလေးမှာလည်း
နွေရာသီဝတ်လေးဆိုတော့
ရေဆိုသွားတယ့်အခါမှာ
ကိုယ်လုံးလေးနဲ့ထိကပ်ကာ အတိုင်းသား။
ချစ်ရသူလေးကို တမေ့တမော
ဖက်ထားကာ
ငေးမောနေမိရာကနေ
ဦးတည်ချက်ကလေးသည်
ဦးလွင်ရဲ့ ညှပ်ရိုးလေးဆီသို့။

ထိုညှပ်ရိုးလေးနားမှာ
တည်ရှိနေသော မှဲ့နက်ကလေးကို
နမ်းရှိုက်လိုက်ပြီး ညှပ်ရိုးကလေးကို
အရာတို့ခပ်ဖွဖွထင်သည်အထိ
ပေးလိုက်တော့။
ငြီးသံလေးတွေထွက်လာတယ့်
ဦးလွင်။

မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် CompleteWhere stories live. Discover now