"Wow အရသာရှိလိုက်တာ
ကိုယ့်ယောကျာ်းချက်ထားတာမွှေးနေတာဘဲ"ဟင်းမြည်းပြီးတယ့်အခါ
တုံ့ပြန်လာတယ့် ဦးလွင်ရဲ့
အမူအရာလေးကြောင့်
လက်ပိုက်ကာတံခါးဘောင်ကို
မှီလို့မတ်တပ်ရပ်နေရာကနေ
ပြုံးပြုံးကြီးဖြစ်ကာ
ကိုယ့်ကိုကိုယ်စစ်ပွဲက
အောင်နိုင်သူဖြစ်သွားသလို
ခံစားရတယ့် မာန်ပါလေ။ညဝတ်အင်္ကျီဝမ်းဆက်
အပြာနုရောင်အကွက်အဆင်လေးကို
ဝတ်ထားတယ့်ဦးလွင်ဟာ
နှာဖူးပေါ်သို့ရှည်ကာကျနေလေတယ့်
ဆံပင်လေးတို့ကို သရည်ပင်လေးနဲ့
ကြက်တောင်စည်းလေးစည်းထားတာမလို့
သိပ်ကိုအသည်းယားစရာ။ခေါင်းလေးလှုပ်တိုင်း
ကြက်တောင်စည်းလေးပါခါရမ်းလို့
ချစ်ဖို့ကောင်းလွန်းတယ့် ဦးလွင်ဟာ
မာန်ထက်တောင်နုနယ်နေသလိုပင်။သဘောတကျနဲ့ဟင်းရည်လေးကို
သောက်နေတယ့် ဦးလွင်ရဲ့ခါးလေးဆီသို့
မာန်ရဲ့အကြောတွေတောင်မြင်ရသည့်
အားသန်တယ့်လက်တွေနဲ့
အင့်ခနဲနေအောင်ဖက်လိုက်တော့
ဦးလွင်ဟာ ပြုံးလေသည်မှာ
နှုတ်ခမ်းပါးလေးတစ်ဖက်ကို
ကော့တက်လျှက်ပေါ့။
ဒီလူသားကိုသိပ်ကိုပြုစားနေတာဘဲ
မောင့်ဦးလွင်ရာ။မောင်ချက်ထားသော
အစားအစာတို့ကို ပါးလေးဖောင်းသည်အထိ
တမြုံ့မြုံ့နဲ့သဘောတကျ
သေချာစားနေလေသော ဦးလွင်ဟာ
နောက်ကနေသိုင်းဖက်ထားသော
မာန်ရဲ့အမြင်တွင်
နေကြာစေ့လေးကိုငုံထားကာ
ကျန်နေသော မုန့်လေးကို ထပ်စားဖို့လုပ်နေသော
ပါးဖောင်းလေးနဲ့ဟမ်းစတားလေးလို။
သိပ်ကိုဖက်လို့ကိုယ်လုံးလေးဟာ
မာန်ရဲ့ရင်ခွင်လေးထဲမှာ
အံဝင်ခွင်ကြလေး။"မောင့်ဘေဘီလေးကချစ်ဖို့ကောင်းလိုက်တာဗျာ"
စိတ်ထဲတွင်ထားရုံနဲ့တောင်
မနေနိုင်တော့ဘဲ
နှုတ်ဖျားကနေတောင်
ထုတ်ပြောမိသည်အထိ
ဦးလွင်ကိုမာန်သိပ်ကို ကိုက်စားပစ်ခြင်လာတာ။
ဖောင်းနေတယ့်ပါးလေးဆီသို့
လက်ကလေးကမနေနိုင်စွာ
သွားရောက်ကာထိတွေ့လို့
လက်ကလေးနဲ့ဆွဲမိလေတော့
တံတောင်နဲ့လှမ်းတွတ်တယ့်ဦးလွင်ပါလေ။
YOU ARE READING
မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် Complete
Romanceနွေးထွေးတယ့် အိမ်ထောင်ရေးလေး နားလည်မှုရှိတယ့်အိမ်ထောင်ရေးလေးကို ကိုယ်တို့အတူတူတည်ဆောက်ရအောင် တစ်ယောက်နဲ့တစ်ယောက် လက်တွဲမဖြုတ်ကြေးနော် မာန် #လွင် သဝန်တိုလို့ မောင်ဒေါသထွက်မိရင် ဦးလွင် စိတ်တော့မဆိုးလိုက်ပါနဲ့ ကျွန်တော်က သိပ်ချစ်လို့ သဝန်တိုမိတာပါ။ ဦ...