Nothing gonna change my love
For you သီချင်းလေးကို
ထပ်ခါထပ်ခါဖွင့်ထားကာ
အသံဩဩလေးနဲ့ ခေါင်းလေးလှုပ်ကာ
သီချင်းလေးလိုက်ဆိုနေတယိ့လွင်လက်ထဲမှာကလည်း
စာရွက်ကလေးတွေစီလို့
စာရွက်စာတမ်းလေးတွေကို
ရှင်းလင်းနေသည်။စာရွက်တွေရှင်းနေတုန်း
နောက်ကနေ
ဆွဲဖက်တာကိုခံလိုက်ရတာကြောင့်
လန့်သွားတယ့် လွင်ဟာ
ခနလောက်ကြာတော့ရယ်လာလေသည်။
လွင်ကိုဒီလိုဖက်တာ
အမျိုးသားတစ်ဦးဘဲရှိတာလေ ။
အဲ့ဒီသူက ချစ်ရတယ့်မာန်ပေါ့။
လွင်ခေါင်းလေးအသာလေးစောင်းကာ
လက်ဖဝါးလေးကို မောင့်ပါးပေါ်
ထိကပ်လိုက်တော့
မောင့်ရဲ့ပါးလေးနဲ့လွင်လက်ကလေးကို
ကော်လေးနဲ့ကပ်ထားသလိုကို
မောင်ဟာဖိကပ်ထားကာ
ခေါင်းလေးအနည်းငယ်စောင်းလို့
ချွဲလာသည်။"ချွဲနေတာလား ကိုယ့်ကောင်လေးက"
"ကောင်လေးဟုတ်ဘူး
အသက်အမျိုးသားပါဆို""ဟုတ်ပါပြီ ကိုယ့်အမျိုးသားလေးက
ချွဲနေတာလား""ဘေဘီ "
ရုတ်တရက် နားနားကိုကပ်ကာ
ခေါ်လိုက်သော မောင့်အသံကြောင့်
လွင်မှာ မျက်ဝန်းလေးတွေတောင်
ပြူးကျယ်သွားသယောင်
မောင်မခေါ်ဘူးသော အသုံးအနှုန်းကြောင့်
အံ့ဩသွားကာအနည်းငယ်
ဟသွားတယ့် လွင်ရဲ့နှုတ်ခမ်းပါးတွေကို
မောင့်ရဲ့ နှူတ်ခမ်းသားဟာ
ချက်ချင်း
ထိကပ်လာလို့ ပြင်သစ်အနမ်းတစ်ခုကို
ပေးလေသည်။ထို့နောက် မောင့်အနမ်းတွေကြောင့်
အားပျော့သွားလေတယ့်
လွင်ကိုမောင်ဟာရင်ခွင်ထဲထည့်ထားလို့
ပါးလေးကို နမ်းရင်းကနေ"ဘေဘီ ကိုယ်အရမ်းချစ်တယ်"
*ဆွဲဆောင်မှုရှိလွန်းနေတယ်!!!
ငါ့ယောကျာိးရဲ့အသံက
ကိုယ်တွင်းအပူတွေတောင်
တိုးလာစေသလိုဘဲ။
ဘာလို့ ငါ့ကိုမြူဆွယ်နေတယ်လို့
ခံစားရတာလဲ
အိုစ်ငါ့နှာခေါင်းကနေတောင်
သွေးတွေလျှံခြင်လာသလိုဘဲ။
ကိုယ့်ယောကျာ်းကို ပြန်ငမ်းမိလို့
နှာခေါင်းသွေးလျှံတယ်ဆိုတာက
သိပ်ပြီးလူကြားလို့မကောင်းဘူးမလား။*

YOU ARE READING
မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် Complete
Romanceနွေးထွေးတယ့် အိမ်ထောင်ရေးလေး နားလည်မှုရှိတယ့်အိမ်ထောင်ရေးလေးကို ကိုယ်တို့အတူတူတည်ဆောက်ရအောင် တစ်ယောက်နဲ့တစ်ယောက် လက်တွဲမဖြုတ်ကြေးနော် မာန် #လွင် သဝန်တိုလို့ မောင်ဒေါသထွက်မိရင် ဦးလွင် စိတ်တော့မဆိုးလိုက်ပါနဲ့ ကျွန်တော်က သိပ်ချစ်လို့ သဝန်တိုမိတာပါ။ ဦ...