မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ်
Ep4 {မရေရာခြင်း}
"အစ်ကိုရယ် ပွစိပွစ်အဖိုးကြီးလေး
လုပ်မနေပါနဲ့တော့
သင်တန်းမှီပါတယ်ဗျာ့"စက်ဘီးနင်းနေရင်းကနေ ထွက်ပေါ်လာတယ့်
မာန်ရဲ့အသံသည်
နောက်ပါးမှာထိုင်ကာလိုက်လာသော
သင်တန်းဆရာလေးလွင်ကို
ပြောနေခြင်းဖြစ်သည်။
နောက်မှာထိုင်ကာ
လိုက်လာတယ့် ဆရာလေးကတော့
နာရီတကြည့်ကြည့်နဲ့"မင်းက မှီတယ်ဆိုပေမယ့်
ကိုယ်ကတော့
မရောက်မချင်းစိတ်မအေးရဘူး
အချိန်လေးတိကျခြင်တာကို""ကဲ့ပါဗျာ မှီစေရမယ်
ကျွန်တော်မြန်မြန်နင်းပေးမယ်"အဖေ့လက်ထက်ထဲက ဝယ်ထားတယ့်
စက်ဘီးအမည်းရောင်လေးကို
အမြန်နှုန်းလေးတင်ကာ
နင်းလို့
အစ်ကို လိုရာခရီးအမြန်ရောက်စေဖို့
အားစိုက်လိုက်သည်။မာန်မှန်းသည့်အတိုင်းပင်
သင်တန်းချိန်မရောက်ခင်
၁၅မိနစ်အလိုမှာ
ရောက်သွားလေသည်။
အစ်ကိုကတော့ မျက်နှာလေး
ဆူပုတ်နေတာကို တစ်စက်မှ
မလျော့သေးဘဲဒါက သူလေး နိုးစက်ပေးထားတာကို
မာန်ပိတ်လိုက်လို့ အိပ်ရာထနောက်ကျတာကို
မကျေနပ်တာ
စက်ဘီးခြင်းထဲ ထမင်းချိုင့်လေးကို
ယူကာ အထံဝင်ဖို့လုပ်တော့
မာန်လက်ကို လှမ်းဆွဲထားလိုက်သည်။ထိုအခါ မျက်မှောင်ကြုတ်ကာ
ကြည့်လာတယ့်အစ်ကိုက
ဘောက်ဆတ်ဆတ်အမေးလေးနဲ့"ပြောဘာတုန်း "
"ဟားဟား သင်တန်းချိန်လေးမှီပါတယ်
ဆရာလေးရာ
ဆူပုတ်တာလေးလျော့ပါဦး
ဒီကိုယ်လုံး ဝက်ပေါက်ကို
တင်နင်းလာရတယ့် ကျွန်တော့ကို
အမောပြေအောင် ချိုချိုသာသာတောင်
မပြောဘူးလား"မာန်ရဲ့အပြောကြောင့်
ရှုးရှုးရှဲရှဲဖြစ်သွားတယ့်အစ်ကို
အစ်ကိုရဲ့ခန္ဓာကိုယ်လေးက
ဝတယ်မဆိုသာပေမယ့်
ပိန်ပါးပါးလည်းမဟုတ်
သို့ပေမယ့် မနေ့ကတင်
အဒေါ်တစ်ယောက်က မတွေ့တာကြာတော့
ဝလာလိုက်တာ လုံးလုံးလေးဖြစ်နေတယ်
လို့ပြောသွားတာကို
မခံနိုင်ဖြစ်နေတယ့်အစ်ကိုကို့
ထပ်စတော့
အောက်နှုတ်ခမ်းကိုကိုက်ကာ
လက်မောင်းကိုရိုက်လိုက်သည်မှာ
ဗြန်းခနဲ
YOU ARE READING
မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် Complete
Romanceနွေးထွေးတယ့် အိမ်ထောင်ရေးလေး နားလည်မှုရှိတယ့်အိမ်ထောင်ရေးလေးကို ကိုယ်တို့အတူတူတည်ဆောက်ရအောင် တစ်ယောက်နဲ့တစ်ယောက် လက်တွဲမဖြုတ်ကြေးနော် မာန် #လွင် သဝန်တိုလို့ မောင်ဒေါသထွက်မိရင် ဦးလွင် စိတ်တော့မဆိုးလိုက်ပါနဲ့ ကျွန်တော်က သိပ်ချစ်လို့ သဝန်တိုမိတာပါ။ ဦ...