Ep14

1.3K 86 4
                                    

အချိန်တွေကြာလာလို့
မောင်နဲ့လွင်ရဲ့ ချစ်သူသက်တမ်းကြာချိန်ဟာလည်း ၆လကျော်ခဲ့ပြီ ။
ဒီလပိုင်းတွေမှာ လွင်နဲ့မောင်ဟာ
ရန်ဖြစ်စကားခြင်းမရှိခဲ့
စိတ်သဘောထားမတိုက်ဆိုင်တာလေးတွေ
အနည်းငယ်ရှိပေမယ့်
ထိုအချိန်ဟာလည်း တစ်နာရီတောင်
မပြည့်ဘဲ လွင်တို့နစ်ယောက်ပြန်
အဆင်ပြေတာချည်းဘဲပင်။

အခုတော့ သင်တန်းမှာထိုင်လို့
မောင်လာကြိုမှာကိုစောင့်နေမိသည်။
အချိန်တွေကြာလာတယ့်အခါမှာ
လွင်ရဲ့ကိုယ်ပိုင်သင်တန်းနေရာလေးဝယ်နိုင်ဖို့ကြံရွယ်ထားတာလေးလည်း
အကောင်အထည်ဖော်နိုင်ခဲ့ပြီလေ။
သင်တန်းနေရာက အိမ်နဲ့ဝေးတာမလို့
မောင်ကသာ အကြိုအပို့လုပ်ပေးသည်။
လွင်ညနက်ထိသင်တန်းကို ပိတ်ရန်
မစောင့်ရတာကတော့
အသိကောင်လေးတစ်ယောက်က
နေစရာအခက်အခဲဖြစ်နေတာမလို့
လူကောင်းလေးလည်းဖြစ်မည်ဟု
လွင်ထင်မိတာမလို့ မာန်နဲ့တိုင်ပင်ကာ
ဒီမှာနေဖို့ထားခြင်းဖြစ်သည်။
လွင်တို့လည်းအစောင့်ထားဖို့ရာ
လူမရှာရတော့ဘူ။
သူလည်းငွေကြွေးရော နေစရာရော
အဆင်ပြေသွားတာပေါ့။

သင်တန်းအပ်တယ့်နေရာနားမှာ
ရေဘူးလေးကိုင်ကာထိုင်လို့
စောင့်နေတယ့်လွင်
သင်တန်းရှေ့ကို ထိုးရပ်လိုက်တယ့်
စက်ဘီးလေးကြောင့်
ပါးချိုင့်လေးတွေပေါ်အောင်
ပြုံးလိုက်ရင်း
ထိုနေရာလေးသို့
ခြေလှမ်းတွေလှမ်းလိုက်သည်မှာ
တက်တကိကြွကြွ

"မောင်နောက်ကျသွားလား ဦးလွင်"

"နောက်မကျပါဘူးမောင်ရယ်
ကိုယ်ကသင်တာစောပြီးနေတာ"

"အဲ့ဒါများဖုန်းဆက်လိုက်တာမဟုတ်ဘူး
ဦးလွင်ရာ"

"ဘယ်လောက်မှမလိုတော့လို့မဆက်တာပါ
မာန်ရဲ့
၁၀မိနစ်လောက်ဘဲစောဆင်းတာလေ"

"ဟုတ်ပါပြီဗျာမောင်က
ဦးလွင်တစ်နေကုန် ပင်ပန်းနေတာ
ထိုင်စောင့်နေရတော့ ပိုညောင်းမှာဆိုးလို့
ပြောမိတာပါ။
လာစက်ဘီးပေါ်တက်
ညစာ ဘာစားမလဲဦးလွင်"

စက်ဘီးခုံပေါ်ကို လက်ကလေးနဲ့
ပုတ်ပြတယ့်မာန်ကြောင့်
လွင်လည်း နောက်ခုံပေါ်တက်လိုက်တော့
မာန်သည်လည်းစက်ဘီးလေးကိုနင်းရင်း
တစ်ဆက်တည်းမှာ မေးလာသည်။

မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် CompleteWhere stories live. Discover now