Ep17.2

961 56 6
                                    

"Where are you now~~~~"

"under the sea "

"where you now
Another dream"

Song-faded{Alan Walker}

သီချင်းစာသားတွေအတိအကျမဟုတ်ဘဲ
တစ်ချက်တစ်ချက် အော်အော်ဆိုနေတယ့်
အသက်
အနည်းငယ်ရှည်နေတယ့် ဆံပင်လေးကြောင့်
တစ်ဖက်ကို နားလေးထဲသပ်လို့
ပြုံးနေကာ ဟင်းချက်နေတယ့်အချစ်ဟာ
mp3ထဲက သီချင်းသံစဥ်တို့နဲ့
လှုပ်လီလှုပ်လဲ့ကနေသေးသည်။

နောက်ကနေ
ကနေတယ့် ကိုယ်လုံးလေးကို
ဖက်ထားလိုက်တော့
ခနရပ်သွားတယ့် ကိုယ်လေးက
ခေါင်းလေးဘေးစောင်းလာလို့
ပါးလေးကို မွှစ်ခနဲ မြည်အောင်
နမ်းရှိုက်လာသည်။

"အချစ်ကတော့ဗျာ"

"မောင်အလုပ်တွေပြီးပြီးလား
ညနေဆိုင်ပြန်သွားရဦးမှာလား"

"မလိုတော့ဘူးအချစ်
မောင်အကုန် စီစဥ်ခဲ့တယ်။
ဒီနေ့တစ်နေ့လုံးအချစ်နဲ့တာဖို့ဘဲ
ကျန်တော့တာသိလား"

လွင်ရဲ့ နားငယ်စပ်လေးတွေနဲ့
ဂုတ်သားလေးတို့ကို လိုက်နမ်းနေတယ့်
မောင်

"မနမ်းနဲ့ဦးမောင်
ဟင်းချက်နေတော့ညော်နံ့စွဲနေပြီ
နံနေပြီကွ"

"ဘာဖြစ်လဲနံလဲ
မောင်ကအနံ့ကိုနမ်းတာမှမဟုတ်တာ
ချစ်တယ့်မောင့်အသက်ကိုနမ်းတာလေ"

"မောင်ကတော့ကွာ"

လွင်မောင့်စကားကြောင့် နားရွက်ဖျားလေး
တစ်ချက်ရဲသွားပြီ။
ချစ်ရတယိ့အိမ်ထောင်ဦးစီးလေး
စားဖို့ ဟင်းကို အမြန်ချက်လိုက်တော့သည်။
အမြန်မချက်လျှင်
ကိုယ့်ကလေးလေးအဆာလွန်မည်ကို
ဆိုးသည်လေ။

နှစ်ဦးသားထမင်း
စားသောက်ပြီးသောအခါမှာတော့
လွင်ဟာ ရွက်လွှင့်သူတို့ဒဏ္ဍာရီကို
ပြန်ကြည့်လို့
မာန်ကတော့ အပြင်ဝတ်တယ့်
အဝတ်အစားတွေကို မီးပူတိုက်လေသည်။

စိတ်ဝင်တစားနဲ့ရုပ်ရှင်ကြည့်နေသော
ဦးလွင်ကိုကြည့်လို့
မာန်နှုတ်ခမ်းလေးဆူသွားသည်။
နှစ်ဦးသား ပိကျိပိကျိနဲ့ချစ်ကြည်နူးရမလား
မှတ်ပါတယ်။
စနေ ၊တနင်္ဂနွေတိုင်း လန်ကျန့် လန်ကျန့်လို့
အော်လွန်းတယ့် TUဆိုတယ့်
ကားကို ကြည့်လိုက်
အားရွှီး အားရွှီးနဲ့ တစ်ချိန်လုံးခေါ်နေသော
တောင်ကြားသခင်ဆိုတာပါတယ့်
ကားကိုကြည့်လိုက်နဲ့ တစ်ခါတလေကြရင်
မာန်ကိုပလစ်သည်မှာတော်တော်ကို
လွန်လွန်းသည်။
သူတို့ကိုကြည့်နေလို့
သဝန်တိုရအောင်ကလည်း
ကိုယ်ရဲ့ဦးလွင် သဘေင်္ာကို
ပျော်ပျော်ကြီးကြီးစီးနေသူကဖြစ်နေပြန်သည်။

မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် CompleteWhere stories live. Discover now