မျက်စိရှေ့မှာမြင်နေရတယ့်ဆိုင်တစ်ဆိုင်
အေးချမ်းတယ့်ပံုလေးနဲ့ လှပတယ့်
ဆိုင်လေးက ရိုးရိုးလေး သို့ပေမယ့်
ထိုအအေးဆိုင်ထဲတွင်တော့
ပူလောင်နေသူတစ်ဦးရှိနေလေသည်။မပစ်မှားသင့်တယ့် အိမ်ထောင်ရှိသူတစ်ဦးကို
မျှော်မှန်းနေတယ်ါသူမဟာ
ကိုယ့်စိတ်နဲ့ကိုယ့်ဘာသာကို အပူတွေပေးနေလေသည်။
အော် သူများကိုအပူမပေးခင်
ကိုယ်တိုင်ကိုက ခံစားနေရတာတောင်
ရှေ့ဆက်တိုးခြင်နေတယ့် မိန်းကလေး။သူမရဲ့ အကြည်ရောင်ဆိုးထားတယ့်
အနည်းငယ်သာ ရှည်နေသော
လက်သည်းတွေရှိရာ
လက်အချင်းချင်းပွတ်သပ်လိုက်
အအေးသောက်နေလိုက်နဲ့သူမဟာ
မျက်မှောင်တို့တောင် ကြုံ့လို့
တစ်ခုခုကို ဝေခွဲမရဖြစ်နေဟန်လည်းပေါ်သည်။*အစ်ကို မရောက်ခင် ထွက်သွားလိုက်ရင်
ကောင်းမလား။
ငါဘာလို့များ ရှေ့ဆက်မိရတာလဲ
အို ငါမှန်ပါတယ် ငါလည်း
တစ်ခါလောက်ကိုယ့်အတွက်ကို အတ္တကြီးမိတာဘဲ ချစ်လို့ပါထိုသူကိုသိပ်ချစ်လို့
အေးအေးဆေးဆေးလေးနေခြင့်လို့
ဒီတိုင်းလေးဘဲ*အတွေးစတို့ ဟိုတစ်စဒီတစ်စပျံ့လွင့်နေလို့
တင်းနေအောင်စိထားသောနှုတ်ခမ်းသား
မျက်လုံးထဲရှိ အရိပ်အယောင်တစ်ချို့မှာ
လုပ်ခြင်တာလုပ်ဖြစ်မည်ဆိုတယ့်
အရိပ်ယောင်တွေ
ထိုသူမကို တွေ့လိုက်ရတယ့် ဆိုင်ဝကနေ
တွေ့လိုက်ရတယ့် လွင်မှာတော့
လန့်သွားရသည်။"မောင်သူမ သူမက
ဟိုကောင်လေးချစ်သူမလား"သိပ်ကို သူ့ချစ်သူကိုချစ်လွန်းတယ့်
ကောင်လေးရဲ့ကောင်မလေးက
အခုသူများအိမ်ထောင်ရေးမှာ
အနှောင့်အယှက်ပေးဖို့ရာလုပ်နေလေသည်တယ့်။
လွင်မှာ မြင်ရတယ့်မျက်လုံးကိုတောင်
မယုံခြင်
ဟိုတစ်လောက တွေ့လိုက်ချိန်မှာတောင်
လွင်ကို လိုက်မလိုက်အတင်းကိုမေးသွားတယ့် ဆိုင်ထဲကကောင်မလေးရဲ့ချစ်သူဟာ
သူတို့ရဲ့ယုံကြည်ရတယ့်လက်ထောက်တစ်ဦးလိုဖြစ်နေသူသူမရှေ့ကထိုင်ခုံမှာထိုင်လိုက်လေသည်အထိ
တကယ်ကိုသူမဖြစ်နေတာကို
လွင်မျက်လုံးတို့က မယုံနိုင်ပါလေ။

YOU ARE READING
မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် Complete
Romanceနွေးထွေးတယ့် အိမ်ထောင်ရေးလေး နားလည်မှုရှိတယ့်အိမ်ထောင်ရေးလေးကို ကိုယ်တို့အတူတူတည်ဆောက်ရအောင် တစ်ယောက်နဲ့တစ်ယောက် လက်တွဲမဖြုတ်ကြေးနော် မာန် #လွင် သဝန်တိုလို့ မောင်ဒေါသထွက်မိရင် ဦးလွင် စိတ်တော့မဆိုးလိုက်ပါနဲ့ ကျွန်တော်က သိပ်ချစ်လို့ သဝန်တိုမိတာပါ။ ဦ...