Ep3{ရင်ခုန်သံအစပျိုးခြင်း}

2.1K 144 0
                                    

"ရွှတ်စ် ငါကတော့ ငိုလိုက်ရတာ
သူတို့က ပြေလည်သွားပြီ ရွှတ်စ်"

နှာသံတရွှတ်ရွှတ်နဲ့
စကားသံခပ်တိုးတိုးကို
ကြားလိုက်ရတာကြောင့်
အိမ်အပေါ်ထပ်အဆင့်လေးကနေ
TVလှမ်းကြည့်နေတယ့် ကျွန်တော်သည်
အသံလာရာကို
ကြည့်လိုက်တော့
ဖုန်းလေးကိုင်လို့ တစ်ရှူးတစ်ရွက်နဲ့
ငိုနေတယ့် အစ်ကိုလွင်

ဘာများဖြစ်လို့လဲဆိုတယ့်
စိုးရိမ်စိတ်လေးကြောင့်
သူ့ရှေ့ကို အမြန်သွားကာ
မတ်တပ်ရပ်လိုက်တော့
မော့ကြည့်လာတယ့် မျက်ဝန်းညိုတွေ
အရည်ကြည်တွေဝေ့လို့
မျက်ခမ်းစပ်တွေတောင် စိုစွတ်နေသေးသည်။
နှာခေါင်းထိပ်လေးမှာ ခပ်ရဲရဲလေးရယ်

မတ်တပ်ရပ်နေတယ့် မာန်ကို
ကြောင်တောင်တောင် ပြန်ကြည့်မိတယ့်
လွင်

"ဘာဖြစ်တာလဲ အစ်ကိုလွင်
ဘာလိုငိုနေတာလဲ တစ်ခုခုများ
ဖြစ်လို့လား"

"အယ် !"

အာမေဋိတ်သံလေး ထွက်သွားတယ့်
လွင်
နောက်မှ ရှက်ကိုးရှက်ကန်းနဲ့
ဟီးခနဲရယ်ပြကာ
လက်ခုံလေးနဲ့  မျက်နှာကိုကာရင်း
ရယ်ကျဲကျဲပြန်ဖြေလာသည်။

"ဟီး ဘာမှဟုတ်ပါဘူး
ကိုယ် ဒီမှာလေ fic ဖတ်ရင်း
မျောသွားတာ ဟီးဟီး"

"ဟောဗျာ ခင်ဗျားကလဲ
ကျွန်တော်က လန့်သွားတာဘဲ"

"ဆောတီး ဆောတီး
ဒီလိုဘဲ ficဖတ်ရင်းနဲ့ မျောသွားတတ်လို့ပါ
လန့်သွားတာလား ဟီးဟီး ဘွာတေး
ဘွာတေး"

လွင်ရဲ့စကားကို
မကျေမနပ်လေး ပြန်ကြည့်တယ့်မာန်ပါလေ

"ဖတ်မယ်ဆိုလည်း စိတ်ချမ်းသာစရာလေး
ဖတ်ပေါ့ဗျာ မျက်စိလည်းညောင်းသေးတယ်
ငိုရတာလဲ ဖတ်စရာလားဗျ"

"အာဒါကေတာ့ကြာ
တစ်ခါတစ်လေတော့လည်း
ဖတ်ပေးရတာပေါ့
ကဲပါကွာ ဆူပုတ်မနေနဲ့တော့
နောက်ငိုရတာတွေ ရှောင်မယ်နော်"

"ပြီးရော ဒီကလန့်သွားတာကို"

လွင်ရဲ့ ပြုံးပြတယ့်အပြုံးကို
မသိခြင်ယောင်ဆောင်ကာ
မာန် TVကြည့်တယ့်နေရာကိုသာ
ပြန်လာလို့ထိုင်လိုက်ရင်းကနေ
မြင်နေရတယ့် တစ်ဝက်တစ်ပျက်
ကျောပြင်လေးကို ကြည့်လို့
တဒိန်းဒိန်းနဲ့ ခုန်တာမြန်လာတယ့်
ရင်ဘက်ကို မာန် ဖိကပ်ထားလိုက်မိသည်။

မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် CompleteWhere stories live. Discover now