"ညှောင် ညှောင်"
နားထဲကြားလိုက်ရတယ့်
ကြောင်အော်သံလေးကြောင့်
လွင် ဝရံတာတံခါးလေးကို ဖွင့်ကာ
ထွက်ကြည့်လိုက်တော့
နှင်းဆီပန်းအိုးလေးတွေထားရာဘေးမှာ
ခွေခွေလေးလှဲနေကာ အော်နေပါသော
ကြောင်ကလေး။အသံပေးနေသောကြောင်ကလေးရှေ့သို့
လွင်သွားလို့ ထိုင်လိုက်ရင်း
လက်ကလေးနဲ့အသာအယာလေး
ကြောင်လေးကိုမကြောက်စေရန်
ပွတ်သပ်ပေးတော့
ငြိမ်သွားတယ့်ကြောင်လေး
လည်ပင်းလေးကို ခပ်ဖွဖွလေးပွတ်ပေးပြန်တော့
ပိုလို့တောင် မော့လာလို့ဇိမ်ခံနေတယ့်
ကြောင်ကလေး။
သိပ်ကိုချစ်စရာကောင်းလွန်းတယ့်
ကြောင်ကလေးကြောင့်
လွင်သဘောတကျတစ်ကိုယ်တည်း
ပြုံးမိရုံရှိသေးသည်။နောက်ပါးကနေ ရရှိလိုက်တယ့်
ချစ်ရသူကိုယ်သင်းနံ့
လွင်ကိုယ်လေးသည်လည်း မာန်ရဲ့
ရင်ခွင်ထဲသို့ကျရောက်လေသည်။
ကြောင်ကလေးကို ပွတ်သပ်ပေးနေသော
လက်ကလေးပေါ်သို့
ထပ်၍အုပ်ကိုင်လာသော
မောင့်လက်
လွင်ရဲ့ပါးလေးကို ရွှတ်ခနဲနေအောင်
နမ်းလို့ သဝန်တိုစွာစကားဆိုတယ့်မောင်"မောင့်ကို မောနင်းKissမပေးဘဲ
အရင်ထထွက်သွားရတယိ့အကြောင်းက
ဒီအကောင်လေးကြောင့်ဆိုတော့
မောင်မကျေနပ်လိုက်တာနော်။
မောင်ဝမ်းနည်းတယ်အချစ်"နှုတ်ခမ်းလေးကိုဆူပြကာ
ချစ်ဖို့ကောင်းတယိ့အမူအရာလေးလုပ်လို့
ပြောလာတယ့်မာန်လွင်မှာ မောင့်ရဲ့အမူအရာလေးကို
သိပ်ကိုအသည်းယားသည်မလို့
မောင့်ပါးတစ်ဖက်ကို လက်ကလေးနဲ့
မနာအောင်ဖိကာ ဆွဲလို့ခါရမ်းလိုက်သည်။"ဒီကလေးလေးကတော့ကွာ
ကိုယိ့ကိုဘယ်လိုတောင်ချွဲနေတာလဲဟင်
သိပ်ကိုအသည်းယားဖို့ကောင်းနေတာဘဲ"လွင်ရဲ့စကားကို နှုတ်ခမ်းလေးမဲ့ပြတယ့်
မာန်က ဘာဖြစ်လည်းချွဲခြင်ချွဲမှာဘဲဆိုတယ့်
သဘောလေးနဲ့
ဒီကလေးလေး ဒီရက်ပိုငိးသိပ်ကို
စွာတေးလေးလုပ်နေတာ။လွင်မောင့်ဘက်ကိုမကြည့်တော့ဘဲ
ကြောင်ကလေးဆီသို့လက်လှမ်းတော့
ကြောက်သလိုလေးကြည့်ကာ
ထွက်ပြေးသွားသော ကြောင်လေးကြောင့်
လွင် မောင့်ကို ဇက်ခနဲလှည့်ကြည့်တော့
ကြောင်ကိုတောင်ရန်သူသဖွယ်ဆက်ဆံနေတယ့်မောငိဟာ
ချက်ချင်းကိုမျက်နှာအမူအရာပြောင်းလို့
မသိလျှငိသူလေးကသာ
မတရားခံရသူလေးလိုဘဲ
မောင်ပန်းနုသွေးလေးက အဆိုးလေးပါ။

YOU ARE READING
မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် Complete
Romanceနွေးထွေးတယ့် အိမ်ထောင်ရေးလေး နားလည်မှုရှိတယ့်အိမ်ထောင်ရေးလေးကို ကိုယ်တို့အတူတူတည်ဆောက်ရအောင် တစ်ယောက်နဲ့တစ်ယောက် လက်တွဲမဖြုတ်ကြေးနော် မာန် #လွင် သဝန်တိုလို့ မောင်ဒေါသထွက်မိရင် ဦးလွင် စိတ်တော့မဆိုးလိုက်ပါနဲ့ ကျွန်တော်က သိပ်ချစ်လို့ သဝန်တိုမိတာပါ။ ဦ...