စက်ဘီးကလေးဟာအရှိန်လေးလျော့လို့
အိမ်ရှေ့မှာရပ်သွားချိန်တွင်
လွင်သည်လည်း စက်ဘီးပေါ်ကနေဆင်းကာ
အိမ်ရှေ့တွင်ရပ်နေလေသော
သူများကို ကြည့်လို့မောင့်မျက်နှာကို
ပြန်ကြည့်လိုက်သည့်အခါ
ပါးလေးကို လက်ကလေးနဲ့တစ်ချက်
ဆွဲလိုက်တယ့်မောင်ဟာ
လွင်အကြောင်းကိုသိနေပါသည်။"မောင်တို့ဆိုင်က ကလေးတွေလေ
အချစ် ဒီနေ့အိမ်တက်မို့ဖိတ်ထားတာလေ"မောင့်ရဲ့စကားကြောင့်လွင်ခေါင်းလေးသာ
ငြိမ့်ပြလိုက်သည်။
လူတွေကိုတစ်ခါနှစ်ခါတွေ့ ရုံနဲ့
မျက်နှာသိပ်မမှတ်မိတယ့် ဦးလွင်ဟာ
သူတို့ကိုလည်းသေချာနာမည်နဲ့လူနဲ့တွဲလို့
မမှတ်မိဘူးဆို မာန်သိပါသည်။အနားကိုလျှောက်လာလေကြတယ့်
သူတွေ"မင်္ဂလာပါအစ်ကိုမာန်"5
"စောင့်နေရတာကြာသွားပြီလား"
အိမ်ရှေ့လေးတွင်ရပ်ကြတာမလို့
အားနာစွာမာန်မေးလေတော့"မကြာသေးပါဘူးအစ်ကို
ကျွန်တော်တို့စောနလေးတင်ကမှ
ရောက်တာ""မောင်အိမ်ရှေ့မှာစကားပြောမနေနဲ့တော့လေ
အိမ်ထဲဝင်ကြတာပေါ့"လွင်သည် ခြံတံခါးဖွင့်ရင်းမှ
အိမ်ရှေ့လမ်းမမှာတင်
စကားကောင်းနေတော့မည့်
မာန်တို့ကို ပြောလိုက်သည်။အိမ်ထဲသ်ု့ရောက်လေတော့
မာန်ဟာ သူတို့ကို ဧည့်ခန်းတွင်
ခုံလေးတွေချလို့ထိုင်စေကာ
လွင်ကိုလည်းအနားယူစေလို့
သူကိုယ်တိုင်သာနန်းကြီးသုပ်ပန်းကန်တွေကို
သွားပြင်လေသည်။ထိုင်နေကြတယ့်လူတွေထဲမှာမှ
မောင်အားကိုးရတယ့်လက်ထောက်တစ်ဦးလို
ဖြစ်နေလေတယ့် ကောင်လေးက
လွင်ကို စကားပြောလာလေတာမလို့
လွင်လည်း စကားပြန်ပြောမိသည်။
သို့သော် စိတ်နဲ့လူနဲ့သိပ်မကပ်ပေ
ခါတိုင်းလိုက်လျောညီထွေးဖြစ်အောင်
နေတတ်သောစိတ်တို့သည်ကလည်း
ပျောက်ဆုံးလို့
ဒီနေ့ကြမှ လွင်ဘာဖြစ်နေမှန်းမသိပေ။"ဟိုလေ အစ်ကိုလွင်
ကျွန်တော်လက်ဆေးခြင်လို့
နောက်ဖေးကိုတစ်ချက်လိုက်ပို့ပေးလို့ရမလာဗျ"
YOU ARE READING
မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် Complete
Romanceနွေးထွေးတယ့် အိမ်ထောင်ရေးလေး နားလည်မှုရှိတယ့်အိမ်ထောင်ရေးလေးကို ကိုယ်တို့အတူတူတည်ဆောက်ရအောင် တစ်ယောက်နဲ့တစ်ယောက် လက်တွဲမဖြုတ်ကြေးနော် မာန် #လွင် သဝန်တိုလို့ မောင်ဒေါသထွက်မိရင် ဦးလွင် စိတ်တော့မဆိုးလိုက်ပါနဲ့ ကျွန်တော်က သိပ်ချစ်လို့ သဝန်တိုမိတာပါ။ ဦ...