Ep16

1K 64 6
                                    

A/N အတိတ်သို့နောက်ကြောင်း
ပြန်ခြင်းသည်ယခုအပိုင်းမှစ၍ပြီးဆုံးပါပြီ။
.....................................................................

ရွှတ်စ်!!!

ရွှတ်စ်ခနဲမြည်လိုက်တယ့်အသံနဲ့အတူ
အနည်းငယ်လှုပ်ရှားသွားတယ့်
အညိုရောင်မျက်ဝန်းလေးပိုင်ရှင်လေး။
နိုးထလာခြင်းမဟုတိဘဲ
အနည်းငယ်သာလူးလွန့်လာသည်မလို့
ထိုပုံစံလေးကို မျက်ဝန်းညိုလေးရဲ့
ရင်ခွင်ထဲတွင်အိပ်နေရာမှ
ယခုအုပ်မိုးထားတယ့် မျက်ဝန်းညိုလေး
ချစ်မြတ်နိုးစွာခေါ်သော မလိုင်လုံးလေး၊
လှျာပေါ်ဝဲလေး နာမည်ကို ရရှိထားသော
မာန်မှာ ပါးချိုင့်လေးတွေပေါ်သည်အထိ
ရယ်မိသည်။

သိပ်ကို မောင့်မျက်ဝန်းညိုလေးကို
အနမ်းတွေပေးခြင်နေသည်မလို့
အိပ်နေတာ သိပေမယ့်လည်းစိတ်မထိန်းနိုင်
မပိန်မဖောင်းသောပါးလေး
အနည်းငယ်ချွန်သယောင်ယောင်လေးရှိတယ်နှာတံလေး
အိပ်နေတာကြောင့်
မှိတ်ထားသော မျက်ခွံလေးတွေ
နောက်ဆုံး အညိုရောင်သန်းတယ့်
နှုတ်ခမ်းပါးလေးကိုပါ မာန်မြတ်နိုးစွာ
တယုတယနမ်းမိသည်။
ထို့နောက် လည်တိုင်လေးဆီကိုပါ
ခေါင်းလေးတိုးဝှေ့ရင်း
နှုတ်ခမ်းသားတို့နှင့် အသာအယာထိတွေ့ကာ
နမ်းရှိုက်မိသည်။
အမှတ်အသားတွေပေါ်အောင်လုပ်ခြင်ပေမယ့်
မိမိချစ်ရသူလေးက
လူအများကိုစာသင်ပေးနေတယ့်သူလေးဖြစ်တာကြောင့်
ထိုစိတ်ကလေးကို ထိန်းချုပ်လိုက်သည်။
သို့သော်မနမ်းတော့ဘူးလို့စိတ်ကိုထိန်းတာမဟုတ်တာမလို့
တစ်ချက်တစ်ချက် အနည်းငယ်
အနမ်းလေးခပ်ကြမ်းကြမ်းပေးရင်း
ကိုယ်သင်းနံ့လေးကိုရှုရှိုက်မိသည်။

"မွှေးလိုက်တာမောင့်မျက်ဝန်းညိုလေးရာ"

"ကိုယ့်ကိုနှောင့်ယှက်နေတယိပေါ့
မလိုင်လုံးလေး"

လွင်ကိုယ်ပေါ်ကနေ
သိပ်ကိုစိတ်ကြိုက်နမ်းရှိုက်ကာ
ကလိနေတယိ့မာနိဟာ
လွင်မေးလိုက်တယ့်အသံနောက်မှာ
နားရွက်ကလေးရဲလိုအမေးပြန်လာသည်။

"မောင့်မျက်ဝန်းညိုလေး
ဘယ်တည်းကနိုးနေတာလဲ"တယ့်

အို ချစ်ဖို့ကောင်းလိုက်တယ့်
ကိုယ့်ခင်ပွန်းလေး
နားရွက်ကလေးရဲလို့ မျက်နှာငယ်လေးနဲ့
အမေးထုတ်လာသည်မှာ
စောနက ကလိနေတာ
သူမဟုတ်သလို။
လွင်မောင့်ရဲ့လည်တိုင်ဆီသို့
လက်ကလေးကိုချိတ်တွယ်ရင်း
နှုတ်ခမ်းသားတို့ထိကပ်ကာ
မွှစ်ခနဲမြည်စည်အထိ နမ်းရှိုက်လိုက်သည်။

မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် CompleteWhere stories live. Discover now