ပေါယန် ထိုစကားကြားသည်နှင့် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ ဒေါသတကြီးအော်ဟစ်လာသည်။

''မင်းကမှ သွန်သင်ဆုံးမမှုမရှိတာ! ငါ့အမေကဖုမင်ကျီး ငါ့အမေက ဒီမှာဆော့လို့ရတယ်လို့ပြောထားတယ် မင်းက ဘာကိစ္စနဲ့ ငါတို့ကိုလာဆူနေရတာလဲ! ''

ကျန်းချုံး တဟားဟားအော်ရယ်လိုက်သည်။

''ဖုမင်ကျီး? ဖုမင်ကျီးအိမ်ထောင်မရှိမှန်း မသိတဲ့လူဘယ်သူရှိလို့လဲ ဘယ်ကနေ ဒီလောက်ကြီးတဲ့သားမျိုးထွက်လာနိုင်မှာလဲ ဟာ့! မင်းက သူ့နာမည်တောင်သိနေတယ် ဘာလဲ ဆူးချင်းပြောပြထားတာလား မင်းအမေက ဖုမင်ကျီးဆို ငါ့မိန်းမကလည်း ဖုမင်ကျီးပဲ မြင်သမျှလူကိုအမေလို့လိုက်ခေါ်နေတယ် မိဘကမွေးရုံပဲမွေးပြီး ကောင်းကောင်းမသင်ပြထားဘူး မင်းအမေက လူကြီးတွေကိုပြန်မပြောရဘူးလို့ သေချာမသွန်သင်ထားဘူးလား မအေကမွေးပြီး မအေဂရုစိုက်မှုမရှိတဲ့ကလေး! ''

ပေါယန် ထိုစကားကြားတာနဲ့ ​မျက်လုံးတွေချက်ချင်းရဲတက်သွားကာ လက်သီးကိုမြှောက်ပြီး ကျန်းချုံးကိုပြေးထိုးသည်။ သို့သော် ကလေးအားနဲ့လူကြီးအားမမျှတာကြောင့် ကျန်းချုံးက ပေါယန်ကို အသာလေးတွန်းချလိုက်လေသည်။

''ယန်ယန်! ''

ချီချီက သူ့သူငယ်ချင်းလေး အတွန်းခံလိုက်ရတာကိုမြင်တော့ ပေါယန်ဆီအပြေးသွားကာ အမြန်ထူပေးပြီး ကျန်းချုံးကိုစိတ်ဆိုးတကြီးမော့ကြည့်လိုက်သည်။ ချီချီ ကျန်းချုံးကို တော်တော်ကြီးဒေါသထွက်သွားသော်ငြား သူက တခြားကလေးတွေလို ဆဲတာ၊ဆူတာတွေလည်းမလုပ်တတ်တာကြောင့် သူ မကျေနပ်ကြောင်းပြသည့်အနေဖြင့် စိတ်ဆိုးတကြီးသာပြန်ကြည့်နိုင်သည်။

သို့သော် ခေါင်းမာသည့်ပေါယန်လေးက ချီချီလက်ထဲကနေ ရုန်းထွက်ကာ လက်သီးကိုမြှောက်ပြီး ကျန်းချုံးဆီပြေးသွားပြန်သည်။

ကျန်းချုံး အာရုံနောက်ကျိစွာဖြင့် ပေါယန်ကိုကြက်ပေါက်လေးဖမ်းထားသလိုမျိုး ဆုပ်ကိုင်ထားလိုက်ချိန် ပေါယန်ကအော်ဟစ်ရုန်းကန်နေသည်။ ချီချီကလည်း သူ့သူငယ်ချင်းလေးကို အပြေးလာကူပြီး ကျန်းချန်းလက်မောင်းတွေကို လှမ်းရိုက်၊လှမ်းထုရင်း ပေါယန်ကိုလွှတ်ပေးဖို့ အော်ဟစ်နေသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now