''မင်းသူ့ကိုလက်ထပ်ယူဖို့အထိ စီစဥ်နေတယ်လို့ ငါတောင်ထင်လိုက်မိတာ ''

''အိမ်ထောင်ပြုတာက နှစ်ဦးနှစ်ဖက်ကိုချည်နှောင်လိုက်တဲ့သဘောပဲ ဘာတွေအလုပ်ရှုပ်ခံနေမှာလဲ ငါ့လက်ကျန်သက်တမ်းတစ်လျှောက်လုံး singleအဖြစ်နေလို့ရတယ် ငါဘယ်သူ့ကိုလက်ထပ်မယ်၊ ဘယ်အချိန်လက်ထပ်မယ်ဆိုတာက ငါကိုယ်တိုင်တောင် သေချာမသိသေးဘူး ''

ကျန်းမော့ချန် ချီချီနဲ့ပေါယန်တို့ ဂိမ်းအကြောင်းဆွေးနွေးနေတာကို နားထောင်ရင်း မင်း ဒါရိုက်တာဖုနဲ့ရော ပြန်ပေါင်းထုပ်ဖို့အစီအစဥ်ရှိလားဟု မေးလိုက်ချင်သည်။ တကယ်လို့သာ ပြန်ပေါင်းထုပ်သွားနိုင်လျှင် ပေါယန်အတွက် ဘက်ပဲ့နေသည့်မိသားစုလေးက ပြန်ပြီး ပြီးပြည့်စုံသွားပြီဖြစ်သည်။ သို့သော် ကလေးတွေက သူတို့နောက်မှာထိုင်နေတာကြောင့် ပေါဖုန်းက အချိုးမပြေစွာတစ်ခုခုထပြောလိုက်လျှင် ပေါယန်ကြားသွားပြီး စိတ်မကောင်းဖြစ်သွားမှာစိုးသဖြင့် ကျန်းမော့ချန် အဆုံးအထိမမေးဖြစ်ခဲ့ပါ။

ချီချီနဲ့ ပေါယန်တို့ မမောနိုင်၊မပန်းနိုင် စကားအကြာကြီးပြောပြီးနောက် ချီချီတစ်ယောက်အာခေါင်ခြောက်လာတာကြောင့် သူ့ကျောပိုးအိတ်သေးသေးလေးထဲက ဒိန်ချဥ်တစ်ဘူးထုတ်လိုက်သည်။ ချီချီက စိတ်ကောင်းနှလုံးကောင်းရှိသည့် ကလေးလေးဖြစ်တဲ့အတွက် သူ့အတွက်တစ်ဘူးထုတ်ကာ၊ ယန်ယန့်ကို တစ်ဘူးလှမ်းပေးရင်း၊ ကားမောင်းနေသည့် သူ့ဒယ်ဒီကျန်းမော့ချန်ကိုလှမ်းကြည့်ပြီး အသံချိုချိုလေးဖြင့်မေးလာသည်။

''ဒယ်ဒီ ​ရေဆာလား ဒိန်ချဥ်သောက်ချင်လား ''

ကျန်းမော့ချန် နွေးနွေးထွေးထွေးလေးပြန်ဖြေလိုက်သည်။

''ဒယ်ဒီရေမဆာဘူးနော် ချီချီပဲအကုန်သောက်လိုက် ''

''ဒါဆို ဒယ်ဒီတစ်ခုခုစားချင်လား '' ချီချီတစ်​ယောက် သူ့ကျောပိုးအိတ်သေးသေးလေးထဲလှမ်းကြည့်ကာ '' ချီချီ့အိတ်ထဲမှာ စားစရာတွေအများကြီးရှိတယ် ဘီစကွတ်၊ အာလူးကြော်၊ ချောကလက်၊ ဂျယ်လီ၊ သကြားလုံး ဒယ်ဒီဘာစားချင်လဲ ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now