ရွှီရိီရှောင်သာမန်ကာလျှံကာ တစ်ချက်ကြည့်လိုက်ပြီး .."သူများမကြားအောင် သတိထားပြော"

အခန်းတွင်းထဲမှာ အိတ်ကြီးကြီးတစ်အိတ်ရှိပြီး အတော်လေးကြီးသည်။ ဖောသွပ်နေကာ ဆန်စေ့အမျာအပြားတောင်လျှံထွက်နေ၏။
စုမင်မသင်္ကာဖြစ်ပြီး လျှောက်သွားသည်။

ဆန်အိတ်က လူတစ်ယောက်ရဲ့အရပ်တစ်ဝက်မျှရှိကာ ဆန်စေ့တွေကလည်းပျံ့ကျဲနေသည်။ အိတ်အပေါက်ကိုတင်းတင်းကြပ်ကြပ်စည်းနှောင်ထား၏။

စုမင်တခဏတွေးပြီး ကြိုးဖြည်ရန်လှမ်းလိုက်တယ်။
ဖွင့်လိုက်ပြီးသည့်အခိုက်အတန့် ညှီစို့စို့သွေးရနံ့များပျံ့လွင့်လာသည်။

ဟန်ချင်းချင်းအိတ်ထဲမှာရှိတယ်ဆိုတာ စုမင်ချက်ချင်းသိလိုက်သည်။ ဖွင့်လိုက်သည်နဲ့ ဟန်ချင်းချင်း၏ဦးခေါင်းထွက်ပေါ်လာ၏။

ထိုမြင်ကွင်းက သူ့ကိုနည်းနည်းတော့မသက်မသာဖြစ်စေသည်။

အမှန်တကယ် အလွန်သွေးပျက်ဖွယ်တော့မဟုတ်ပေမယ့် သူမသေပုံသေနည်းက အလွန်ရက်စက်လှသည်။  ရှစ်နန်းရှန်းနဲ့တောင် မနှိုင်းယှဉ်နိုင်ပေ။

ဆန်စေ့တွေထဲ ဟန်ချင်းချင်းနစ်မြှုပ်နေပြီး သူမပါးစပ်ထဲတွင် ဆန်စေ့များပွတ်သိပ်ထည့်ထား၍ ပွင့်အာနေခဲ့သည်။ သူမ နားရွက်များနဲ့နှာခေါင်းတွေပင် ဆန်တွေပြည့်နေကာ သွေးထွက်နေသေးသည်။

အနံ့တစ်ခုခုရသဖြင့် ယန်ဂျင်းချိုင်ရောက်လာကာ မယုံနိုင်လောက်အောင်ဖြစ်သွားရသည်။
"……သူတကယ်ပဲ ဟန်ချင်းချင်းလား?"

စုမင် "သူမှမဟုတ်ရင် ဘယ်သူဖြစ်မှာလဲ?"

ဆန်အိတ်အပေါက်က အင်မတန်ကျယ်တာကြောင့် စုမင်ကိုင်ထားရာမှ လွတ်လိုက်တဲ့အခါ အထဲမှဆန်စေ့တွေလျှံကျလာတယ်။ ထိုအတိုင်း ဟန်ချင်းချင်းအပေါ်ကိုယ်ထည်ပေါ်လာ၏။

သူမကြည့်ရတာ သွတ်သိပ်စားထားသဖြင့် ပြည့်ဖောင်းနေပုံရသည်။

သူမအင်္ကျီတွေပင် စူလျက်ဖောင်းကားနေသည်။

စုမင်နီးနီးကပ်ကပ်ကြည့်တော့မှ သူမအင်္ကျီဖောင်းနေတာမဟုတ်ပဲ သူမဗိုက်ကပါစူထွက်ပြီးဖောင်းကားနေသည်ပင်။ သူမထဲမှာနည်းနည်းပါးပါးရှိမယ်ထင်တယ်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now