ကွာစေ့ကိုက်နေသည့် ဖြတ်လျှောက်တွေက သတင်းတွေကိုကြည့်ပြီး ဝိုင်းဟားနေတဲ့အချိန် ယန့်မိုက်ကျဲကျဲတို့ကတော့ သူတို့ကောကော နှစ်ထပ်ကွမ်းအောင်မြင်မှုအတွက် ကံစမ်းမဲတွေဖောက်၊ Give Awayတွေပေးနေကြသည်။ အလှောင်ခံနေရသည့် ယန်းချင်းချီ Anti-Fanတစ်သိုက်ကတော့ ပြန်ဟပ်စရာအကြောင်းအရင်း မယ်မယ်ရရမရှိတာကြောင့် အံကြိတ်ပြီးသာ ငြိမ်နေရရှာသည်။

နှစ်ကုန်လာပြီဆို အနုပညာလောကကြီးကလည်း ပွဲမျိုးစုံဖြင့် လှုပ်ရှားအသက်ဝင်လာပြီဖြစ်သည်။ ဒီတစ်နှစ်လုံး ယန်းချင်းချီ ဘာပွဲဲညာပွဲမှမတက်ဖြစ်သော်ငြား 《 လမ်းမှားခြင်း 》နှင့် 《 မြန်းမြန်အာတာပူစီ 》 ကျေးဇူးနဲ့တင် နှစ်ကုန်ပိုင်းပွဲမျိုးစုံအတွက် အဓိကအဖိတ်ခံရသည့် အနုပညာရှင်စာရင်းထဲက တစ်ယောက်အပါအဝင်ဖြစ်လာခဲ့သည်။ သို့သော် ယန်းချင်းချီက အကုန်ငြင်းပစ်လိုက်ကာ ကျင်းကွေ့ဆုပေးပွဲပဲ တက်ဖို့စီစဥ်ထားလေသည်။ 《 မြန်းမြန်အာတာပူစီ 》စီးရီးနှင့် သက်ဆိုင်သည့် Golden Camel ဆုပေးပွဲ နဲ့ SEAL နှစ်ကုန်ပါတီဆီကလည်း အဖိတ်ခံထားရသေးသည်။ သို့သော် ဒီစီးရီးက ဆုရနိုင်ချေနည်းပါးတာကြောင့် သူရော၊ ဝေ့လန်ရောတက်ဖြစ်မည်မဟုတ်ပါ။

ကျန်းမော့ချန်ကလည်း သူနဲ့အတူတူ ကျင်းကွေ့ဆုပေးပွဲတက်မှာဖြစ်တဲ့အတွက် နှစ်ယောက်သား ကော်ဇော်နီအတူတူလျှောက်ရမည့် အခြေအနေဖြစ်တည်လာခဲ့သည်။ ကျန်းမော့ချန်က အဆင့်မြင့် Brandတွေရဲ့ Ambassadorတစ်ယောက်ဖြစ်တာကြောင့် ဘယ်ပွဲတက်တက် ဘယ်ရှိုးသွားသွား သူ့အဝတ်အစားနဲ့ Accessoriesတွေကို ထောက်ပံ့ပေးမဲ့ Brandတွေ အလွန်ကိုပေါများသည်။ အခု ကျင်းကွေ့ဆုပေးပွဲတက်ဖို့ အဝတ်အစားတာဝန်ယူထားသည့် Brandဆီ ယန်းချင်းချီကိုယ်တိုင်းဖြင့် အဝတ်အစားငှားဖို့ ဝူယွမ်ကို လိုအပ်ချက်နှစ်ခုမှာရင်း လွှတ်လိုက်လေသည်။ 《 ကြည့်ကောင်းရမယ်
၊ လိုက်ဖက်ရမယ် 》

ဝူယွမ်အတွက်ကတော့ ကြည့်ကောင်းရမယ်၊ လိုက်ဖက်ရမယ်ဆိုတဲ့ စကားစုလေးနှစ်စုထဲနဲ့ ယန်းချင်းချီအတွက် တွေ့ရာSuitတစ်ခု ပြီးစလွယ်ကောက်ရွေးပေးလိုက်လို့မရပါ။ ဆုပေးပွဲတစ်ခုလာလျှင် ပြည်သူတွေအဓိကအာရုံစိုက်ထားကြသည်မှာ ကော်ဇော်နီပေါ်ကဖက်ရှင်တွေဖြစ်သည်။ မင်းသားတွေ အဝတ်အစားက မင်းသမီးတွေအဝတ်အစားလောက် မထွင်လွန်း၊မကွန့်လွန်းဘူးဆိုသော်ငြား မင်းသားဖြစ်ဖြစ်၊မင်းသမီးဖြစ်ဖြစ် ပြည်သူတွေရဲ့ ဖက်ရှင်ဝေဖန်မှုမြင်ကွင်းကနေ ပြေးမလွတ်ပေ။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now