Fanတွေလည်း သူ့လိုစိတ်မျိုးထားထားကြောင်း ယန်းချင်းချီတွေ့လိုက်ရလေသည်။ ဒီဆုရဖို့မျှော်လင့်နေမိသော်ငြား တစ်ချိန်ထဲမှာပဲ 'မရလည်း ပုံမှန်ပဲ၊စိတ်ငြိမ်ငြိမ်ထား'ဟု ကိုယ့်ကိုကိုယ်ပြန်ဆုံးမနေရလေသည်။

ဒီဘက်မှာတော့ သူက အတတ်နိုင်ဆုံးစိတ်ငြိမ်ငြိမ်ထားဖို့ကြိုးစားနေသော်ငြား အခြားတစ်ဖက်မှာတော့ အင်တာနက်သုံးစွဲသူတွေနဲ့ သူ့ပြိုင်ဘက် Fanတွေက Forumနဲ့ Weiboမှာ ဆောက်တည်ရာမရဖြစ်နေကြသည်။

[ ငါပဲအမြင်တွေမှားနေတာလား ဖုမင်ကျီး? ယန်းချင်းချီဘာတွေလုပ်လိုက်လို့ အဲ့နေရာရသွားတာလဲ ]

[ မုန့်လော့ကြောင့်နေမှာပေါ့ သူအဲ့ဒါနဲ့ လူသစ်သရုပ်ဆောင်ဆု စကာတင်ဝင်ထားတယ်မဟုတ်ဘူးလား ]

[ မုန့်လော့က ဇာတ်ကောင်တည်ဆောက်ပုံ ကောင်းလွန်းနေလို့ပါ သူ့နေရာကို ဘယ်သူဝင်ရိုက်ရိုက် နာမည်ကြီးမှာပဲ ]

[ အပေါ်ထပ်ရေ ဟိုစကားပုံလေးကြားဖူးလား ငါမစားရတော့ စပျစ်သီးကချဥ်မှာပါတဲ့ အဲ့ကားမှာ ယန်းချင်းချီ သရုပ်ဆောင်ထားတာ ဒီလောက်ကောင်းတဲ့ဟာကို အရင်က ဒါရိုက်တာဖုပြောဖူးတယ်မလား သူမအခုရိုက်မဲ့ဇာတ်ကားသစ်မှာ လူသစ်တွေသုံးချင််တယ်လို့ ယန်းချင်းချီက ဇာတ်ကားတစ်ခု၊စီးရီးတစ်ခုပဲ သရုပ်ဆောင်ရသေးတယ်ဆိုပေမဲ့ လူသစ်ပဲဟာ အဲ့လောက်တော့ရှိမှာပေါ့ သရုပ်ဆောင်အရည်အချင်းလည်းအဆင်ပြေနေမှတော့ ဒါရိုက်တာဖု သူ့ကိုရွေးလိုက်တာကို ဘာတွေများထူးဆန်းနေကြတာလဲ ]

[ အခုအချိန်မှာ အရယ်ရဆုံးဟာသကတော့ နန်ချန်နဲ့ ယန်းချင်းချီနဲ့လက်တွဲဖြုတ်လိုက်ပြီ? နန်ချန်က သူ့တက်လမ်းတွေပိတ်ထားတယ်? ပိတ်ထားတယ် ? ? ? ငါ့ကိုတစ်ယောက်ယောက်ရှင်းပြကြစမ်းပါ အဲ့လိုတက်လမ်းအပိတ်ခံရတဲ့လူက ဒါရိုက်တာဖုဇာတ်ကားအသစ်မှာ ခေါင်းဆောင်မင်းသားနေရာရနိုင်သလားလို့ ဟဲ့အဲ့လိုသာရကြေးဆို ငါတို့ကောကောကိုလည်း တက်လမ်းပိတ်ပေးကြပါဦး! ]

[ ဟားဟားဟား အဲ့ဒါ Antiတွေလုပ်ရပ်မလား အဲ့တုန်းကဆို တနေ့တနေ့ rumorပေါင်းစုံနဲ့ မရိုးရဘူးလေ အခုတော့အဆင်ပြေသွားပါပြီ ပါးရိုက်ခံလိုက်ရတော့ ငြိမ်သွားကြပြီပေါ့ ]

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now