ဂျောင်ကု : !!!

အိုကေပါ...ထယ်ယောင်းရဲ့စတိုင်လ်ကိုက အဲ့လိုပဲလေ ။ စာဖြေပြီးရင် ဘယ်တော့မှ ဒုတိယအကြိမ်ပြန်မစစ်ဘူး ။

ခုံပေါ်တွင်မှောက်ကာအိပ်နေသည့် ထယ်ယောင်းအားဂျောင်ကုခေတ္တမျှကြည့်လိုက်ပြီးနောက်တွင် သူ့အကြည့်များက တဖြည်းဖြည်းနှင့် တစ်စွန်းတစ်စပေါ်ထွက်နေသည့် ထယ်ယောင်း၏ လက်ချောင်းလေးများထံသို့ရောက်သွားသည် ။ ဖြူဖြူဖွေးနှင့် သွယ်လျားရှည်လျသည့် ထယ်ယောင်း၏လက်ချောင်းတို့က တကယ်လှသည် ။ အနှီလှပသည့်လက်ချောင်းတို့က တစ်ချိန်ကသူတို့နှစ်ယောက်ရန်ဖြစ်ခဲ့စဉ် ဂျောင်ကုမျက်နှာအားရိုက်ခဲ့ဖူးသည် ။ ထိုအချိန်တုန်းက လှပသည့်ထယ်ယောင်းလက်တို့ကြောင့် နာကျင်ခဲ့ဖူးသော်လည်း တစ်ခါတစ်လေ ထိုလက်ကပင် သူ့အား ပြဿမကြီးပွားအောင်တားဆီးပေးသည် ။ ဥပမာအားဖြင့်ဆိုရသော် ရုပ်ရှင်ရုံတွင်ဖြစ်သွားသည့် ပြဿနာတွင် ထယ်ယောင်းက သူ့လက်အားဆွဲ၍ တားဆီးလိုက်ခြင်းကြောင့်သာ ပြဿနာက မကြီးသွားတာဖြစ်သည် ။

တိတ်ဆိတ်စွာ အိပ်နေသည့် ထယ်ယောင်း၏ပုံစံလေးက အေးချမ်းသည် ။ လက်သည်းမရှိသည့် ကျားပေါက်ငယ်လေးကဲ့သို့ အိပ်ပျော်နေသည့်ထယ်ယောင်းက တခြားအချိန်များတွင် ဆတ်ဆတ်ထိမခံပြန်ပြောတတ်သည့် ဇတ်ဇတ်ကြဲကျားငယ်လေးနှင့်တော့ကွာခြားသည် ။ သို့သော် ထယ်ယောင်း၏ပုံစံက မည်သို့ပင်ဖြစ်နေပါစေ ဂျောင်ကုအတွက်တော့ လက်သည်းမရှိဘဲ အစွယ်ထုတ်ပြနေသည့် ကျားပေါက်ကလေးတစ်ကောင်ကဲ့သို့ပင် ။ လက်သာ်ူမရှိ၍ အန္တရာယ်မရှိလှသည့် ကျားပေါက်ကလေးဆိုပေမဲ့လို့ အစွယ်နှင့်ပြန်တော့ကိုက်တတ်သေးသည်ပဲလေ ။ ထို့ကြောင့် အနှီကျားပေါက်လေးအား လျှော့တွက်၍တော့မရ ။

သုံးနာရီအချိန်စေ့၍ စာမေးပွဲဖြေဆိုချိန်ပြီးသွားသည့်အခါတွင် အခန်းစောင့်ဆရာများက အဖြေစာရွက်များအားလိုက်လံသိမ်းဆည်းသည် ။ အဖြေအပ်ပြီးမှသာ စာဖြေကျောင်းသားတို့သည် စာမေးပွဲခန်းထဲမှထွက်ကြရသည် ။ ထယ်ယောင်း နှင့် ဂျောင်ကုတို့လည်းအဖြေစာရွက်အပ်ပြီးသည်နှင့် ခန်းမမှထွက်လာကြသည် ။ နှစ်ယောက်စလုံးက ဖြေထားသည့်အဖြေတို့အပေါ်၌ ယုံကြည်မှုရှိစွာပင် အဖြေတိုက်ကြသည်မျိုးမလုပ်ကြဘဲ ဗလကြီးယူစောင့်နေသည့် ကားဆီသို့သာလာလိုက်ကြသည် ။

Compatible Pheromones |TK|✓Where stories live. Discover now