သိပ်မကြာခင် [ လော့ယန့် Mr.Q ကူးချမှု ] ဆိုသည့်ခေါင်းစဥ်ကြီးဖြင့် Hot Search ပေါ်ရောက်နေတာကိုတွေ့လိုက်ရလေသည်။ ယန်းချင်းချီ ထိုအခြင်းအရာကိုမြင်သည်နှင့် ကွမ်မေသူ့အတွက်ဝယ်ပေးထားမှန်း ခန့်မှန်းမိလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် Weiboပေါ် ဟိုးလေးတကြော်ကြော်ဖြစ်လာတာနဲ့ Hot Searchပေါ်တန်းရောက်သွားသည့် နည်းလမ်းတွေက သူနဲ့မစိမ်းတော့ပေ။

To Mr.Qက နာမည်ကြီးလာသော်ငြား သူ့ Art Workကိုမျှော်နေသည့် Fanအများစုမှာ ဆယ်ကျော်သက်တွေ၊ ကျောင်းသားတွေ၊ ရုံးဝန်ထမ်းတွေမဟုတ်ပဲ ကလေးရှိထားသည့်မိခင်တွေဖြစ်သည်။

မိခင်တွေက သူတင်မည့်ရက်ကိုအမြဲအာရုံစိုက်ထားကာ အပိုင်းသစ်တင်သည်နှင့် Printထုတ်ပြီး ကလေးတွေကိုပြသည်။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးပုံပြင်တွေဖြစ်တဲ့အတွက် ရက်စက်ကြမ်းကြုတ်တာတွေ၊ သွေးထွက်သံယိုတွေမပါပဲ နတ်သမီးပုံပြင်လေးတွေသာဖြစ်သည်။ အကြောင်းအရာလေးတွေကလည်း အကျင့်စာရိတ္တကောင်းဖို့နှင့် လောကအမြင်အကြောင်းကို ဖောဖောသီသီထည့်ဆွဲထားတာကြောင့် ကလေးကို ပုံလေးတွေပြရင်း ပဲ့ပြင်ဆုံးမဖို့လွယ်သည်။

စျေးကွက်ရှိရင် အမြတ်ရှိမည်။ အမြတ်ရမည်ဆိုလျှင် ထုတ်လုပ်သူတွေကလည်း ပူးပေါင်းဖို့အတွက်အိမ်ဝအထိလာပြီးတံခါးခေါက်ကြမည်ဖြစ်သည်။ သို့သော် မူပိုင်ခွင့်ကို ကျန်းမော့ချန်က ကျန်းစာပေယဥ်ကျေးမှုကုမ္ပဏီနှင့် စာချုပ်ချုပ်ထားလိုက်တာကြောင့် ဘယ်သူမှအနားမသီနိုင်တော့ပါ။ ထုတ်လုပ်ရေးဘက်ကလည်း Mr.Q နာမည်ကြီးလာသည်နှင့် Printတွေရိုက်၊ ပုံပြင်စာအုပ်တွေထုတ်ဖို့ အသင့်စောင့်နေကြသည်။ အခု အချိန်ကျပြီဖြစ်တာကြောင့် လုပ်ငန်းစနေကြပြီဖြစ်သည်။

သူ့ပုံပြင်တွေကို Printတွေထုတ်ပြီး ကလေးကိုသင်ပြပေးသည့်မိဘတွေအပြင် နောက်ထပ်ရည်ရွယ်ချက်တစ်မျိုးဖြင့် သူ့အလုပ်ကို အာရုံစိုက်နေကြသည့်မိဘတွေလည်းရှိသေးသည်။ သူတို့ကချမ်းသာကြွယ်ဝသည့်မိဘများဖြစ်သည်။ သူ့ပုံပြင်တွေမြင်ပြီးသည်နှင့် သူတို့ကလေးတွေအတွက်လည်း သီးသန့်ပုံဆွဲပေးစေချင်ကြကာ လုပ်အားခအဖြစ်ပိုက်ဆံများများပေးပြီး ကမ်းလှမ်းလာကြသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now