-42-

6.9K 868 23
                                    

ဟ သောက်ရမ်းယုတ်မာတာပဲ ။

"အဲ့အရုပ်ကြီးဘာလုပ်ရမှာလဲ "

"ဟမ် ကြိုက်တယ်ဆို ၊ ရိပေါ်ကြိုက်တယ်ဆိုလို့ကျွန်တော်ဝယ်ဝတ်ပြတာလေ "

"ကိုယ်... ကျစ် ဒီယုန်ကြိုက်တယ်လို့မပြောပါဘူး"

"ယုန်ပဲလေ ဒီယုန် "

လက်နှစ်ချောင်းကိုနားရွက်လုပ်ပြရင်း ယုန်ဝတ်စုံလုံးလုံးကြီးတုန်တက်သွားတဲ့အထိခုန်ပြနေတဲ့ကောင်လေးကြောင့်ရိပေါ်သက်ပြင်းချလိုက်တယ် ။ ဘယ်လိုဟာလေးလဲ?  ။

"ဘာလဲကွာ "

Sexy ယုန်ဖင်ကျပ်မဟုတ်တာတောင် ချစ်စရာလေးမြင်နေမိတဲ့သူလည်းအတော်အချစ်ရေချိန်ကိုက်နေတာကိုပိုနားလည်ရတယ် ။ ဘယ်လိုနေနေစောက်ရမ်းချစ် ။

"ဗိုက်လေးလုံးနေတာပဲ မှို့ထည့်ထားတယ်လို့ထင်လား? ကိုင်ကြည့်အိစိစိနဲ့ "

"ပေါင်ပေါ်လာထိုင် "

ဝတ်စုံရပြီးထဲက လှုပ်စိစိနဲ့ခုန်ပေါက်နေတဲ့ကောင်လေးကိုသူပွေ့ထားတော့အဝတ်အလေးချိန်
ကြောင့်အတော်လေးသယ်ရတယ် ။ ရှောင်းကျန့်ကိုယ်ရည်စစ်တာလည်း ကံကောင်းမှုပါပဲ ။ မချီနိုင်ရင်အရှက်ကဟက်တက်ကြီးကွဲဦးမယ် ။

"မပူဘူးလား "

"သဘောကျတယ် ဘယ်လောက်ချစ်စရာကောင်းလဲ "

"မင်းသဘောကျရင်ပြီးတာပါပဲ ၊ ခဏနေကိုယ်
ရှန့်ကျန်းတို့ကိစ္စသွားကူမလို့လိုက်ခဲ့မလား "

"သူများအိမ်ထောင်ရေးထဲပါပြီးပြဿနာတွေတက်ကုန်ရင် ဒုက္ခပါပဲ "

"မတတ်နိုင်ဘူးလေမင်းရဲ့ ၊ မင်းလည်းဘာတွေဖြစ်လာလာကိုယ့်ကိုပဲဦးစားပေးမှာမလား? "

"အခုတောင်မိဘတွေကိုထားခဲ့ပြီပဲ ဘာထပ်လိုချင်သေးလဲ "

"ချယ်ရီဖူးလေးကိုချယ်ရီပွင့်ဖြစ်အောင်ယုယပေးချင်သေးတယ် "

"ဘာကြီး?  ပန်းစိုက်မလို့လား? "

"လူပျိုရည်ပျက်ချင်တယ်လို့ပြောတာ ၊ ဒဲ့တိုးပြောရင်လည်းအယုတ်တမာဆိုပြီးဆဲဦးမယ် "

"ယောကျာ်းကျွန်တော့်ကိုလုပ်ချင်နေတာမလား "

"လုပ်ချင်တာပေါ့ မဟားတရားတွေဖြစ်နေတာ "

-CRUSH-Where stories live. Discover now