-25-

8K 1K 116
                                    

"ဟာ ကိုယ့်ကိုဘယ်လိုအစားထင်နေတာလဲ "

"အဲ့ဒါဆိုပြန်တော့ "

"..."

"ပြန်လေ ရှုး ရှုး "

မျက်မှောင်ကုပ်နေတဲ့ရိပေါ်က ဦးနှောက်ထဲအလင်းချောင်းပေါ်လာပြီး ချက်ချင်းမြူးသွားတယ် ။ တစ်ညနေလုံး ချွတ်ဖို့မေ့နေခဲ့တဲ့ကုတ်အင်္ကျီကို တံတောင်ဆစ်ထိရောက်အောင်သူချွတ်လိုက်တယ် ။

"ကိုယ့်ကိုယုတ်မာစေချင်တာလား ၊ ဟုတ်တယ်မလား?  ဟား ရတယ် ရတာပေါ့ စောစောကပြောပါ​တော့လား "

"ဟော့ဒီမှာယုတ်မာနေပါတယ် "

"ဟေ့ မအော်နဲ့လေ ၊ မင်းအဖေအိပ်နေပြီ "

"မယုတ်မာနဲ့နော် လွှတ် "

"ဟ မင်းနဲ့ထိမနေဘူး အဝေးကြီး ၊ မျက်မှန်လေးဘာလေးလည်းပြန်တပ်ကြည့်ဦး "

"မယုတ်မာရင်ပြန်တော့ "

"ယုတ်မာပေးပါ့မယ်ဆို "

"ယုတ်မာရင် အော်လိုက်မှာ သေချင်လို့လား
ဟေ့ကောင် ဒီညမင်းကိုငါဆဲမယ် "

"ပြောပါဦးဆဲချင်ရတဲ့အကြောင်းအရာလေး "

"မင်း သူများကိုပေါင်ပေါ်တင်ထားတယ်ငါ့ကိုလည်းအမြဲတမ်းစတယ်နှိမ်တယ် ၊ ငါဝမ်းနည်းတယ် ၊ ငါမင်းကိုဆဲချင်တယ် "

အပြောအဆိုလေသံတွေပြောင်းလဲနေတာမို့ ရှောင်းကျန့်မူးနေပြီဆိုတာအသေအချာပါပဲ ။

"စိတ်မဆိုးနဲ့တော့ ၊ မင်းမကြိုက်ရင်ကိုယ်ဆိုဖာပေါ်အိပ်လိုက်မယ် ၊အိပ်ခွင့်တော့ပေးလေနော် "

ရှောင်းကျန့်ကပေမှေးလေးနဲ့ကြည့်နေရင်း ဆိုဖာပေါ်လှဲလိုက်တဲ့သူ့ကိုမျက်စောင်းထိုးကာ
ကျောပေးအိပ်သွားတယ် ။ အလျှော့ပေးတော့လည်းမကျေနပ်တဲ့ပုံ ။

"ဟေး ကိုယ့်ကိုအဝတ်လေးငှားမလား ၊ ဝတ်စုံ
ပြည့်ကြီးဖြစ်နေလို့ "

"မငှားဘူး "

"ကိုယ်အဝတ်ချွတ်အိပ်လို့ရလား "

"မရဘူး "

"ချစ်တယ် "

ရှောင်းကျန့်ကအသံထွက်မလာတော့ဘဲတိတ်ဆိတ်သွားတာကြောင့် သူလည်းကြယ်သီးအနည်းငယ်ဖြုတ်ပြီးတော့သာ မျက်လုံးမှိတ်လိုက်တယ် ။ နောက်ကျောအလှလေးက အနောက်ကနေပြေးဖက်ထားချင်စရာကောင်းလိုက်တာ ။ ဂစ်တာလေးအတိုင်းပဲ ။

-CRUSH-Where stories live. Discover now