-18-

7.2K 986 84
                                    

စာကြည့်တိုက်ရဲ့ချောင်ကျကျနေရာမှာသူတို့ထိုင်နေခဲ့ကြတယ် ။ သောကြာညမို့ဒီနေရာမှာလူပြည့်နေတယ်လေ။ရှောင်းကျန့်လေ့လာနေတဲ့ အင်္ဂလိပ်စာသင်ရိုးကိုကြည့်တော့ စိတ္တဇနာမ်တွေကိုကျက်နေပုံပဲ ။

အော် ... ချစ်ခြင်းနဲ့ အလှတရားဟာထိတွေ့ကိုင်တွယ်လို့မရ ၊ ကြည့်မြင်လို့မရပါဘူးတဲ့လား ။ စိတ်နှစ်ပြီးစာဖတ်နေတဲ့ ရှောင်းကျန့်နားရွက်လေးကိုသူအသာညှစ်လိုက်တယ် ။

ဒီမှာလေ ကျွန်တော်ထိတွေ့လို့ရတဲ့
စိတ္တဇနာမ်လေး ။ ပျော်ရွှင်နွေးထွေးမှုပေးတဲ့ ချစ်ခြင်းဟာဒီကောင်လေးပဲပေါ့ ။

. . .

A for Ass
B for Butt
C for Cock
D for Dick

ရှောင်းကျန့် Game ထဲမှာ ပြိုင်ဘက်နဲ့ Scrubble ပြိုင်နေတာပါ ။ ဦးနှောက်နှစ်လုံးဆို နိုင်ချေပိုရှိမလားဆိုပြီး အကူအညီတောင်းမိပါတယ် ကူတွေးပေးသမျှဒါတွေချည်းပဲလှည့်နေတာ ။  ဘယ်လိုအရိုင်းအစိုင်းကြီးလဲနော် ။

"အဲ့ဒါအပြင်ဘာမှထွက်မလာဘူးလား "

"မြင်တာပြောဆို ကိုယ့်မျက်လုံးထဲမင်းကြီးပဲငုတ်တုတ်ရှိနေတာကို "

"ဟာ "

"ချစ်ဖို့ကောင်းအောင်လုပ်မနေပါနဲ့ ပါးပေါက်အောင်ဆွဲညှစ်လိုက်မယ် "

"ဟဲ့ ဟိုနှစ်ယောက် စာကြည့်တိုက်ထဲဆူမနေနဲ့ "

စာအုပ်စီဖို့တာဝန်ကျတဲ့ ကျောင်းသူတစ်ယောက်က သူတို့ကငေါက်ငမ်းဆူပူသွားတယ် ။

"ရိပေါ်ကြောင့်အဲ့ဒါ "

"စာအုပ်ရွေးလိုက်ပါတော့လား ပြန်ရအောင် "

"ဖေကြီးလာမကြိုအားသေးပါဘူးဆို "

"ကိုယ်လိုက်ပို့မယ်လေ "

ရှောင်းကျန့်က မျက်စောင်းဆွေလာတယ် ။

"စောစောကပြောပါလား "

"စာကြည့်တိုက်ထဲ ရင်ခုန်စရာလေးများဖြစ်လာမလားလို့ "

"မဖြစ်ဘူး ၊ ထ သွားမယ် "

"မထဘူး "

တစ်ခါလောက်တော့ သူလည်း "ဘူး " ဖူးချင်တယ် ။ ရှောင်းကျန့်ကတော့သူ့လိုချော့ဖို့ ၊ စကားနိုင်လုဖို့ ဆန္ဒရှိပုံမရဘဲ စာအုပ်တွေပိုက်ကာ
ထွက်သွားတော့တယ် ။ ပြေးလိုက်ရမှာကိုယ့်ဘဝပါပဲ ။
. . .

-CRUSH-Where stories live. Discover now