-9-

7.6K 1.1K 117
                                    

အဖေ့ပြခန်းက အတော်လေးခမ်းနားတယ် ။ ပန်းချီစုရတာသဘောကျတဲ့သူပီပီပြခန်းက ဝါသနာအရဖွင့်ထားတာတဲ့ ။ ရိပေါ်တကယ်မသိခဲ့တာ ။ ပိတ်ရက်မှာကျင်းပတဲ့ပွဲမို့ သူသွားလိုက်တယ် ။ ပိတ်ရက်မဟုတ်တောင် ကျောင်းကဒုတိယ ။ ရှောင်းကျန့်သာပထမ ။

ပြပွဲထဲ ဒယ်ဒီနဲ့မာမီပါရှိနေပြီး ဒယ်ဒီကတော့အတော်လေးကျေနပ်နေတဲ့ပုံ ။

"စာခြောက်ရုပ်ပုံတောင်မဆွဲတတ်ဘဲ ဘာလာလုပ်တာလဲမာမီက? "

"ငါ့ယောကျာ်းရှိတယ်လေ ငါကပွဲတက်မယားပဲ
ပွဲအတူတက်တာဆန်းလား "

"ခဏလာဦးပြစရာရှိတယ် "

ရှောင်းကျန့်အရိပ်မြင်လိုက်ရတာနဲ့မာမီ့လက်ကိုလှစ်ခနဲနေအောင်ဆွဲပြီး ခေါ်ပြလိုက်တယ် ။ မာမီမမြင်ဖူးသေးဘူး။ ရှောင်းကျန့်ကဒီနေ့နည်းနည်းပြင်ဆင်လာတယ် ။ ချိုသာတဲ့အပြုံးလေးနဲ့ သစ်လွင်တဲ့ဝတ်စုံကမြင်နေကျ ပုံရိပ်လေးထက်နုနယ်စေတယ် ။

"ဘယ်သူလဲ "

"ကျွန်တော်လိုက်နေတာ "

"နင် Gay ပေါ့ ? "

"အင်း "

"ဟယ် မထင်ရဘူး "

"ကျွန်တော်ရောပဲ ချစ်သွားတော့လည်းမတတ်နိုင် ၊ Gay တာမှ ပန်းပဲထုတောင်ပြန်မဖြောင့်လာတော့တာ "

"အခြေအနေက? "

"တကယ်တော့နှစ်နှစ်ကျော်ပြီလိုက်နေတာ ၊ အဖြေမရသေးဘူး "

"ရှက်ဖို့တောင်ကောင်းတယ် နင့်အဖေနဲ့ငါဆို..."

"ခဏခဏကြားလို့အလွတ်ရနေပြီ ၊ မကြားချင်ဘူး "

"နင်မနာလိုဖြစ်နေတာမလား အဖြစ်မှ​မရှိတာ "

"မာမီတောင်သူ့လိုသုံးနှစ်သုံးမိုးချစ်ရေးဆိုခံရလို့လား "

"ဆိုရအောင်နင့်အဖေကနင့်လိုမှမဟုတ်တာ ချက်ချင်းခေါင်းညိတ်ချင်စရာ Type လေ "

"မာမီပြန်လိုက်တော့ "

"နင်ပြန်လေ ၊ ကတ်ကတ်ကိုလန်နေတာပဲ "

သူတို့ရန်ဖြစ်နေတုန်း ရှောင်းကျန့်ကလှမ်းကြည့်
လာတာ​ကြောင့် ရိပေါ်ခါးမတ်မတ်ထားပြီး Cool Guy ပုံပြန်သွင်းလိုက်တယ် ။ မာမီက ကပ်လိုက်လာတာမို့သူစိတ်ထင့်သွားရသေး ။

-CRUSH-Kde žijí příběhy. Začni objevovat