-20-

7.6K 989 48
                                    

ပခုံးကိုကုန်းကိုက်နေတဲ့ရှောင်းကျန့်ကို သူမျက်နှာသေကြီးနဲ့ငုံ့ကြည့်နေမိတယ် ။ မကျေနပ်ရင်ရိုက်ဆိုတာကိုတကယ်လုပ်တာဟ ။ ကားထဲရောက်တာနဲ့ ထုရိုက်လာသမျှ ငြိမ်ခံပေးနေရင်းကို
ဘယ်ကဘယ်လိုဒေါသတွေပိုထွက်လာသလဲမသိဘဲ သွားနဲ့ပါကုန်းကိုက်နေပြီ ။

အိမ်တွင်းအကြမ်းဖက်မှုတအားပြင်းထန်တဲ့ကောင်လေးပဲ ။ ယူရမှာ ရင်တောင်လေးတယ် ။ ဒါပေမဲ့ယူမှာ ။

"ကာကွယ်ဆေးသွားထိုးရတော့မယ် "

ရှောင်းကျန့်သွားကိုအားပိုထည့်ပြီးကိုက်ချလိုက်တယ် ။ တောင်းပန်လို့ ခွင့်လွှတ်ပေးဖို့တွေးမိတာနဲ့ ရန်ထပ်စနေတာ ။တောင်းပန်လိုက်ခေါင်းခေါက်လိုက်ဆိုတာဒီလိုဟာမျိုးပဲ ။ ဒေါသအထွက်နည်းတဲ့ရှောင်းကျန့်တောင် လူသတ်ချင်စိတ်ပေါက်လာတာပဲကြည့်တော့ ။

"မင်းနဲ့ကိုယ့်အမေပေါင်းထားရင် ကိုယ်တော့ဘဝပျက်မှာပဲ "

"နာလာပြီမင်းရဲ့ "

"အသားနာတာနည်းနည်းပဲနော် မင်းကိုက်နေတာ
အောက်ကပါမာလာပြီ "

ပခုံးကို ခဲထားရာကနေ ချက်ချင်းနောက်ပြန်ဆုတ်ပြေးတဲ့ရှောင်းကျန့်ကြောင့် သူ ခိုးရယ်လိုက်တယ် ။

"ဒေါသပြေပြီလား? မင်းစိတ်ဆိုးနေရင် ကိုယ်မနေတတ်ဘူး "

"ကျွန်တော်ကလေးမဆန်ချင်ဘူး ၊ လူတစ်ယောက်ကိုယ့်ကြောင့်ခံစားနေရတာမြင်ရဲ့နဲ့ 'အကယ်လို့ငါ့ကြောင့်' နဲ့အစချီပြီး မမှားခဲ့ဘဲ အနစ်နာခံရသလိုပြောတာကိုကျွန်တော်လုံးဝအဆင်မပြေတာ "

"ကိုယ်အဲ့လိုမပြောပါဘူး ၊ အခုမြင်ခဲ့ရတာအတွက်လည်းကိုယ်တကယ်စိတ်ရင်းနဲ့တောင်းပန်တယ် ၊ နောက်မမြင်ရအောင်လည်းကတိပေးတယ်ကွာ ကိုယ့်ညီလေးနဲ့တိုင်တည်ပြီးကျိန်တယ် သစ္စာဖောက်ခြံခုန်မိရင် ပန်းသေပါစေ"

"မကျိန်ပါနဲ့ "

"အဲ့ဒါမို့စိတ်မခုနဲ့တော့လေ... နော် "

ရှောင်းကျန့်သက်ပြင်းချပြီး မျက်နှာလွှဲသွားတယ် ။

"ကျွန်တော်လည်းအခုလိုဒေါသမထွက်ချင်ပါဘူး "

-CRUSH-Where stories live. Discover now