-36-

7K 932 24
                                    

ရှောင်းကျန့်အလုပ်သွားဖို့ပြင်ဆင်ပြီးတာနဲ့
အိတ်ပုပ်ကြီးနေတဲ့ရည်းစားဖြစ်သူကိုအသာပုတ်နှိုးလိုက်တယ် ။

"အိပ်ယာဖော် ထတော့ ၊ ပြင်ဆင်ဖို့ဆယ်မိနစ်ပဲကျန်တော့တယ် "

ရိပေါ်ကစိတ်မဝင်စားသလိုပြုမူပြီးဆက်အိပ်နေတယ် ။ သို့သော် ရှောင်းကျန့်ထပ်မနှိုးရခင် ရိပေါ်ရဲ့ ဦးနှောက်နှင့်အာရုံကြောကတာဝန်ကျတဲ့ သက်ရှိလေးတွေဟာနိုးထလာပြီး နှိုးနေတာက သူ့အသည်းဆိုင်လေးရဲ့အသံဖြစ်ကြောင်း စတင်အသိပေးလာတာကြောင့်မျက်လုံးဖွင့်ကြည့်လိုက်တယ် ။ ရိပေါ်မနာခံချင်ရင်တောင်မရဘူး ။ ခန္ဓာကိုယ်တစ်ခုလုံးကပေါင်ပေ့စကားကိုနားထောင်ကြသည် ။ ခန္ဓာကိုယ်က နားမထောင်ရင်လည်းရိပေါ်ကနားထောင်သည် ။

"သာယာသောမနက်ခင်းလေးပါပေါင်ပေ့ "

"ကဲ ၊ ကိုးမိနစ်ပဲကျန်တော့မယ် ၊ လေးမိနစ်နဲ့ရေအပြီးချိုးပြီး ထွက်လာခဲ့ အဝတ်ထုတ်ထားမယ် မွ ထတော့ ထ ထ  "

ရှောင်းကျန့်ဒါတွေကြိုမြင်တာကြောင့် လိုအပ်တဲ့အချိန်ထက် နာရီဝက်ကြိုထပြီးနှစ်ယောက်စာ အကုန်ပြင်ဆင်ပေးနေခဲ့တာ ။ မနေ့ကလည်း မနက်စာမမှီတာကြောင့် နေ့လည်စာလေးသာသွားပို့ပေးနိုင်ခဲ့သည် ။

ဆပ်ပြာတောင်သေချာမတိုက်ခဲ့ရတဲ့ရိပေါ်ထွက်လာတော့ ပေါင်ပေ့က ဆံပင်တွေကိုကူသုတ်ပေးတယ် ။ အဝတ်အစားဝတ်တာကအစ သူ့ကို
ပဲများခွင့်မပေး။ ရွေးချယ်ပြီးသားအဝတ်တွေသာကိုယ်ပေါ်လာဆင်ပေးတယ် ။ လည်စည်းကိုစည်းပေးနေတဲ့ကောင်လေးကိုငုံ့ကြည့်ရင်း ခါးသိမ်သိမ်လေးကိုအသာပွေ့ညှစ်လိုက်တယ် ။ ရှပ်အင်္ကျီကိုဘောင်းဘီထဲထည့်ဝတ်ထားတာပဲ ။

ဘောင်းဘီထဲက အဝတ်ခါးစကိုဆွဲထုတ်လိုက်တော့ပေါင်ပေ့ကမကျေနပ်သလိုကြည့်လာပေမဲ့ ဘာမျှမပြောတော့ဘဲ မနက်စာဘူးကိုသွားယူကာ အိတ်ကိုယ်စီလွယ်စေလိုက်တယ် ။

"မိန်းချခဲ့ဦး ၊ ဘေစင်ကပိုက်ပိတ်ခဲ့တယ်နော်? "

"အကုန်ပြီးပြီ "

"မြန်မြန်သွားရအောင် ကားပိတ်နေရင်မကောင်းဘူး "

ပင်မတံခါးကို Lock ချပြီးတဲ့အချိန်ပေါင်ပေ့ပခုံးကို ဖက်လျက်သားအတိုင်း ကားပါကင်ရှိရာ ဓာတ်လှေကားနဲ့ဆင်းလိုက်တယ် ။

-CRUSH-Where stories live. Discover now