-3-

10.4K 1.2K 65
                                    

ရမ်းကားတဲ့ကျောင်းသားလေးဟာ
စာကိုစိတ်မဝင်စားသည့်တိုင် ရုပ်ရှင်တွေထဲကလိုအတန်းနောက်ဆုံးခုံမှာနားကျပ်လေးနဲ့နှပ်နေသည်တော့မတွေးလေနှင့် ။

သေချာတာပေါ့ သူဇောက်ချတဲ့နေရာက Milo နံလေးမွှေးနေတဲ့ ရှောင်းကျန့်နောက်တည့်တည့်ကခုံ ။ သူတို့ခုံတွေက ရုပ်ရှင်ရုံကြီးလိုအထစ်ထစ်တွေနဲ့ ဆောက်လုပ်ထားတာဖြစ်တယ် ။ ဒါက လက်ချာတွေရိုက်တဲ့အခန်းကြီးဆိုပါတော့ ။

ဘေးသွားထိုင်လို့ရပါရဲ့ နောက်မှာဆင်းထိုင်ရတာလည်း အကြောင်းရှိတယ် ။ ထုတ်ပြောလို့တော့မကောင်းပေမဲ့အရွယ်ရောက်ပြီးတဲ့ယောကျာ်းလေးဟာတဏှာတော့လုံးလုံးမကင်းနိုင်ကြောင်းသဘောပေါက်တဲ့သူတွေသိလိမ့်မည် ။ ဆရာတွေရဲ့ မြေဖြူခဲပျံဒါဏ်ကို နှစ်နှစ်လုံးကျိတ်ခံပြီး ဒုတိယတန်းမှာထိုင်ရတာ လွယ်တဲ့ကိစ္စတော့မဟုတ် ။

ဘေးကကြည့်လည်း ခြင်ပျံတာလောက်တောင်အရေးလုပ်မခံရမဲ့အတူတူအနောက်ကနေရှယ်သွားရည်ယိုလို့ရတာပေါ့ ။ ရှောင်းပူတူးက ထုံးစံအတိုင်းကဗျာမဆန်တဲ့ပုလင်းဖင်မျက်မှန်ကြီးတပင့်ပင့်နဲ့စာအုပ်ကုန်းဖတ်နေတယ် ။

ဆရာဝင်ပြီးခဏကြာတော့သူ့ရဲ့
မိုက်ဖော်မိုက်ဖက်တွေအုပ်လိုက်ကြီးရောက်လာတယ် ။ သူ့ဘေးမှာတဝါးဝါးသန်းရင်းဝင်ထိုင်တဲ့ကောင်တွေကြောင့်သူအားတက်သွားတယ် ။ ဒီနေ့တော့မဖြစ်မနေရှောင်းကျန့်နဲ့ စကားပြောချင်တာမို့ လူအင်အားလိုတယ် ။ ရိပေါ်က အဲ့ဟာလေးနဲ့ဆိုစိတ်ပျော့တယ်ဆိုပါတော့ဗျာ ။

ဘယ်လိုပဲစောင့်ဆွဲလုပ်လိုက်ချင်တယ်လို့တွေးထားပါစေဦးတော့ ပြူးကြောင်ကြောင်ကြည့်လာတိုင်း အရိပ်တောင်မနင်းရက်ခဲ့ ။

ဒီနေ့ချော့ဖို့တစ်ခုခုပေးချင်ပေမဲ့ မာမီကတကယ်ကြီးငွေထုတ်မပေးတာ ။ အပေါစားတွေလည်းသူမပေးချင်ပါ ။ ပြောသာပြောတာ ရှောင်းကျန့်ကဘာပေးပေးဘူးခံငြင်းတာ ။ အဲ့ဒါကြောင့်သူ့အမ်းနည်းက ရှောင်းကျန့်နောက်တကောက်ကောက်လိုက်ပြီး သူစားသမျှ ၊ ဝယ်သမျှရှင်းပေးတာပဲ ။ နှစ်နှစ်လုံးဒီလိုလုပ်လာတော့ ဒီနှစ်မှာ ရှောင်းကျန့်က ကျောင်းထဲတောင်မသွားဘဲ ထမင်းဘူးတွေ ယူချလာပြီ ။

-CRUSH-Where stories live. Discover now