-6-

8.2K 1K 58
                                    

ထိုညကသူတို့တစ်ဖွဲ့လုံး Bar သွားပြီးမှောက်ဖို့
အစီအစဥ်ဆွဲလိုက်တယ် ။ အဲ့ဟာလေးကြိုက်ရတာ ဒီနှစ်နှစ်လုံးချစ်တဲ့စိတ်နဲ့သူသည်းခံခဲ့ပေမဲ့ စောက်သည်းကတော့နာရတာပဲ ။

သူစိတ်ဓာတ်ကျနေတာသုံးလေးရက်ရှိပြီ ။ တစ်ဖွဲ့လုံးပိုက်ဆံပြတ်နေလို့သူကျိတ်မှိတ်မျက်နှာပြောင်နေရတာ ။

လင်ပူမိတယ်ပဲခေါ်ရမလား?  ဒါတောင်ပိုက်ဆံရှိမှ ဘဲတရူးလို့ကောင်းတာမျိုး ။"Money can't buy Happiness"တဲ့ ။ စောက်ပိုတွေ ။ ပိုက်ဆံမရှိလိုက်တာနဲ့ မူးချင်ရင်တောင် ဆယ်ပတ်လောက်ကိုယ်ကို​လှည့်မူးရမဲ့ပုံ ။

သူတို့အဖွဲ့ထဲက စောက်တုံးကြီး ကျန်းနန်ကလည်း ရိပေါ်စိတ်ဓာတ်ကျလွန်းလို့အရက်တိုက်ပါဆိုတုန်းက ပိုက်ဆံမရှိဘူးအော်နေပြီး ရိပေါ် ပိုက်ဆံရတဲ့နေ့မှ သူ့အစ်ကိုက Bar ဖွင့်ထားတာသတိရပြီး Free သွားကျိတ်စို့တဲ့ ။ သူများသာဆဲတာ ကိုယ်တိုင်လည်းဒယ်ဒီဘာလုပ်ငန်းတွေလုပ်မှန်းမသိ ။ ဒယ်ဒီ့နံမည်ပြောလိုက်ရုံနဲ့ တထောင်ထောင်ရမ်းကားလို့ရတာတော့သိသည် ။ ဒီလိုနဲ့အနာဂါတ်မှာဒယ်ဒီ့အင်အားကိုမှီပါ့မလားမသေချာ ။

တွေးကြည့်ရအောင် ။ ဒယ်ဒီနဲ့မာမီကဆယ်နှစ်ကျော်ကွာတယ် ။ ထိုအချိန်မာမီက တကယ့်နံမည်ကြီး အပျိုပေါက်စ ။ ဒယ်ဒီကအောင်မြင်တဲ့လုပ်ငန်းရှင် ။

သူကျတော့ရော ?  ။ ပုံတုံးတုံးနဲ့ ပုလင်းဖင်ရွေးကြိုက်ခဲ့တာပဲ ။ သက်ကြားအိုကြီးမြက်နုကြိုက်တာမျိုးလည်းမဟုတ်ဘဲရွယ်တူပဲ ။ ဒါဥပမာပြောတာ ။ ဒယ်ဒီ့ကိုနွားအိုကြီးနဲ့နှိုင်းပြီး စော်ကားတာတော့မဟုတ် ။ ရိပေါ်ကဝတ်တတ်စားတတ်နဲ့ ရုပ်လည်းအဆင်ပြေတယ် ။ အလုပ်အကိုင်မရှိမိဘလုပ်စာထိုင်ဖြုန်းနေတာလေး အမှတ်လျှော့ခံရရင်တောင်ရေလျှံတဲ့သူဌေးသားပဲ ။ အတန်းခွဲမှာသောက်ပျင်းတစ်နေသည့်​တိုင် ကိုယ့်ဘာသာရပ်မှာတော့သေချာလေးကြိုးစားတယ် ။ ဘာကလိုအပ်နေသေးတာလဲ ။ အပေါ်ယံပေသီးတွေမခေါက်ဘဲခုခေတ်လူငယ်တွေအရေးပေးတဲ့ "အိပ်ယာပေါ်ကကိစ္စ " ။ ဒါလည်းသူစံချိန်မှီတယ် ။

ရှောင်းကျန့်နည်းနည်းတော့တုံးတာငြင်းမရဘူး ။
သူသာရှောင်းကျန့်ဆို ခေါင်းညိတ်လို့ကလေးတစ်ဒါဇင်ထွက်နေပြီ ။ ဒါကအရပ်စကားအဖြစ်ပြောပြတာပါ ။ ကလေးတော့မလိုချင်ဘူး ။ သူနဲ့တူတဲ့သားလေး ထွက်လာမှာကြောက်တယ် ။

-CRUSH-Where stories live. Discover now