-23-

7.3K 949 9
                                    

ဒယ်ဒီငွေချေလိုက်တာကိုကြည့်ရင်း သူလက်သီးတန်းကာဟစ်ကြွေးလိုက်တယ် ။ ဆိုင်ကယ်
မြင့်မြင့်တစ်စီးလောက်သူအပိုင်လိုချင်နေခဲ့တာကြာပြီ ။ သူလိုချင်တဲ့ဟာကလည်း ကားအသန့်တစ်စီးထက်တောင်စျေးများနေတယ် ။ အခုတော့အလှလေးကို ခေါ်ထားနိုင်ပြီ  ။

"ဆိုင်ကယ်မစီးရတဲ့နေရာတွေမှာတော့ သွားမရဲနဲ့နော်သား "

"သွားလာဖို့က ကျွန်တော်ကားပဲစီးမှာပါ ၊  မဝယ်လိုက်ရရင်အတော်နောင်တရနေမှာမလို့သာဝယ်ထားတာ အပျော်ပဲစီးမယ် "

"မျက်နှာလေးကြည်လာတာပဲ ၊ ပျော်စရာရှိလား?"

"သူနဲ့အဆင်ပြေနေပြီ "

"ဟိုကလေးလား "

"ဟုတ် "

"ဒီဆိုင်ကိုသူသဘောကျမလားမသိဘူး
ဖိတ်ကြည့်လိုက်ပါလား?  ၊ ဆရာရှောင်းပြောပုံအရ မိဘဖြစ်သူတွေက ချုံချင်းဇာတိကထင်တယ် ၊ ဒီဟင်းတွေသေချာပေါက်ကြ်ုက်လိမ့်မယ် "

စီချွမ်းအရသာဆိုင် တစ်နည်း ငရုတ်သီးဆိုင်ကိုသူတို့ရောက်နေကြတာမို့ ဒယ်ဒီကသတိတရမေးရှာတယ် ။

"ဒီအချိန်ကြီး သူမလာတတ်လောက်ဘူး "

ဝန်ဆောင်မှုပေးတဲ့သူရောက်လာတော့ အစပ်လျှော့ခိုင်းပြီး ဟင်းလေးငါးပွဲမှာလိုက်ကြတယ် ။
အစပ်လျှော့ပေးပေမဲ့ ဘယ်ပန်းကန်က ဘာဟင်းမှန်းမသိအောင်ကို ငရုတ်သီးတွေအပုံလိုက် ။

အာလူးကြော်ကိုအမဲသားအရသာ ၊ အကင်အရသာသွင်းကြသလို ငရုတ်သီးကို အသားအရသာသွင်းထားတာပဲ ။ အမဲသားဟင်းမှာလိုက်ရင်အမဲသားအရသာငရုတ်သီးကြော်ကိုသာမျှော်လင့်ထားသင့်တယ် ။ ဒယ်ဒီက အစပ်ကြိုက်ပေမဲ့ သူကတော့သိပ်မကြိုက်တာကြောင့် ငရုတ်သီးတွေဖယ်စားလိုက်တယ် ။ ဒီငရုတ်သီးတွေက အရသာအပြည့်စိမ့်ဝင်နေတာကြောင့်
စားလို့ကောင်းတာသိပေမဲ့ သူမစားရဲပါ ။

သူစားနေတုန်း ရှောင်းကျန့်ဆီကစာဝင်လာတော့ ဓာတ်ပုံအချို့ပို့ပေးလိုက်တယ် ။

-အရမ်းစပ်တာပဲ

-သွားရည်ကျ

-မင်းကြိုက်တဲ့ဟင်းပါလို့လား?

-CRUSH-Where stories live. Discover now