-13-

8K 1K 188
                                    

ချိန်းဆိုထားတဲ့ Bus stop လေးမှာ ခြေချိတ်လို့ဖင်လေးကောက်ထိုင်နေတဲ့ သူ့သည်းပွတ်ညှာလေး။ ခါးရိုးရှည်ရှည်လေးကိုမတ်အောင်ကြိုးစားရင်းဖင်လေးကော့သွားပုံပါပဲ ။ ကားက ပလက်ဖောင်းနဲ့ဝင်မစောင့်ရုံတမယ် ပရမ်းပတာဖြစ်သွားတယ် ။

Jean Jumpsuit  လေး နဲ့အသားရောင်
ဘေးလွယ်အိတ်လေးလွယ်ထားတဲ့ကောင်လေးက မျက်ကပ်မှန်နဲ့အတော်ကို... Fuck ကွာ ။

သူ့ကားကိုလည်းမှတ်ထားပုံမရဘဲ လူမြင်မှမျက်ခုံးလေးကုပ်ကြည့်ပြီးထလာတယ် ။

ကားတံခါးနားငုံ့လာတော့ ကြယ်သီးတစ်လုံးဖြုတ်ထားတဲ့အပေါ်ပိုင်းက ဟခနဲ ။
အား.... ငါ့ကိုအဲ့လိုလာမလုပ်နဲ့ ။

"တံခါးဖွင့်ပေးဦး "

"ဆော ဆောရီး "

တံခါးဖွင့်ပေးတော့ ကိုယ်စောင်းပြီးတက်လာတာလုံးအိဝိုင်းစက်နေတဲ့တင်ပါးလုံးလေးကအင့်ခနဲ ။ ခါးနေရာ ရှုံ့ကြိုးပျော့ပုံဖော်ထားတာမို့ကားကလည်းကွက်တိချပ်ရပ်ပြီး အတိုင်းအတာအတိအကျကိုဖော်ပြနေတယ် ။

မျက်စိအားတက်လိုက်တာကွာ ။ သူအားရနေပြီးမှတွေးမိတာက သူများတွေလည်းဒါကိုမြင်တော့မှာ ၊ မြင်တောင်မြင်ခဲ့ပြီးလောက်ပြီ ။

"အရမ်းဖော်ပြလွန်းသလားလို့ "

"ဘာကိုလဲ "

"အဝတ်က နည်းနည်း ...အကုန်မြင်နေရတယ်လေ ၊ ဝိုင်းငေးကြရင် ကိုယ့်စိတ်နဲ့ရန်ဖြစ်မိမှာ "

"ယောကျာ်းလေးပဲဘယ်သူကစိတ်ဝင်စားမှာတုန်းရိပေါ်ရဲ့ ၊ ကျွန်တော်ငယ်ငယ်ထဲက ဒါမျိုးကြိုက်တာ ၊ အဝတ်ကိုအပေါ်နဲ့အောက်လိုက်အောင်မရွေးတတ်လို့လေ ဒါလေးဆိုပြီးရော "

ယောကျာ်းလေးမို့တဲ့လားကွာ ။ ငါ့လိုကောင်နဲ့တွေ့ရင်တော့လား ။ သူသက်ပြင်းချလိုက်တယ်။ ငါ့လိုကောင်တွေလောကကြီးကနေသေသွားပေးကြပါလား ။ Crush ကိုမပိတ်ပင်ချင်တော့ ကြည့်မဲ့ကောင်တွေသာပျောက်ကွယ်သွားပေးစေချင်တာပဲ ။

"ဒါပေမဲ့ကိုယ်သဝန်တိုတယ် မင်းအရမ်းကြည့်ကောင်းနေတာကို သူများတွေအာရုံကျလာတော့မှာ "

-CRUSH-Where stories live. Discover now