လူမမာစာထဲကရှောင်းကျန့်ကြိုက်လောက်မဲ့ဟာတွေနည်းနည်းပတ်ဝယ်ပြီးနောက် ရိပေါ် အရက်ရှိန်စတက်လာတယ် ။ ခံတွင်းသန့်ပြီးအဝတ်လဲသင့်တာသိပေမဲ့ ပူလောင်နေတဲ့စိတ်ကသူ့ကို
အမြန်သွားတွေ့ဖို့သာတိုက်တွန်းတယ် ။ညကြီးအချိန်မတော် Bell တီးလိုက်တော့ အနွေးထည်ပါးပါးလေးနဲ့ရှောင်းကျန့်ကထွက်လာတယ် ။ တိုက်ခန်းက သပ်သပ်ရပ်ရပ်နဲ့အနုပညာဆန်ပြီး အောက်ထပ်မှာရုံးခန်းပုံစံလေးဆောက်ထားတယ် ။ အိမ်ကမကျဥ်းမကျယ်လေးပါပဲ ။ အရမ်းခမ်းနားတာမျိုးမဟုတ်ပေမဲ့နေချင်စဖွယ်လေး ။
တကောက်ကောက်လိုက်ခဲ့တဲ့သူပီပီအိမ်ရှေ့ထိနယ်ချဲ့ခဲ့ဖူးပေမဲ့ဒါကပထမဦးဆုံးအကြိမ်အိမ်ထဲအထိဝင်ခွင့်ရတာ ။ သူ့ကိုမြင်တော့ ရှောင်းကျန့်ကရှုံ့မဲ့သွားတယ် ။
"သောက်လာပြန်ပြီ "
"မင်းမကြိုက်ရင်နောက်မသောက်တော့ဘူး"
"ကျွန်တော်မကြိုက်ဘူးတော့ဘယ်ဟုတ်မလဲ ၊ အရက်ကိုအလွန်အကျွံသောက်တာက မကောင်းဘူးလေဘယ်သူ့အတွက်မှတန်ဆေးလွန်ဘေးပေါ့ ...အိုး ဖိနပ်ချွတ်နော် "
"ဆောရီး "
ဖိနပ်ချွတ်ပေးလိုက်တော့ ဖိနပ်ပိုးသတ်စက်ဖြစ်ပုံရတဲ့တိုင်လေးပေါ်သွားတင်ထားတယ် ။ သူ့ရင်ထဲခဏတာနွေးခနဲ ။ အိမ်ပြန်လာရတယ်ဆိုတဲ့ ခံစားချက်မျိုးပဲ ။
ဒယ်ဒီပြန်လာတိုင်း အပန်းပြေအောင်ကြိုမဲ့သူရှိတာကိုသူဘယ်လောက်တောင်အားကျခဲ့ရသလဲ? ။
"မင်းနေမကောင်းဘူးကြားလို့ ကိုယ်စားစရာနဲ့ဆေးနည်းနည်းဝယ်လာတယ် "
"ဆေးခန်းပြပြီးပြီ အတန်းဖော်ရဲ့ ၊ လာ လက်ဆေးလိုက်ဦး "
ရေချိုးခန်းထဲခေါ်သွားပေးပြီးကူညီနေပုံကြောင့်သူမျက်ရည်ဝဲလာတယ် ။ သူတကယ်ပဲပိုင်ဆိုင်ချင်လှပြီ ။
"သွားတိုက်လိုက်ပါလား အရက်နံ့တအားပျင်းရင်ကျွန်တော်မခံနိုင်လို့ "
"အင်း "
သွားပွတ်တံအသစ်တစ်ချောင်းနဲ့ ဂရုတစိုက်လုပ်ပေးနေပုံက နှစ်နှစ်ကျော်လုံးအေးစက်လာတာနဲ့တခြားဆီ ။