-14-

8.3K 1.1K 80
                                    

အမှတ်ပိုရထားတဲ့ရိပေါ်က မြောက်ကြွကြွဖြစ်နေပြီးအခွင့်အရေးတောင်းဆိုဖို့မစောင့်နိုင်တော့ဘူး။

"ကိုယ့်ပခုံးပေါ်မှီလိုက်ပါလား "

အအေးပိုက်လေးစုပ်နေတဲ့ရှောင်းကျန့်က ရုပ်ရှင်ကို မမြင်မစမ်း မျက်မှောင်ကုပ်ကြည့်နေရာကနေ လက်ညှိုးလေးနဲ့ရှုးခနဲလုပ်ပြလာတယ် ။ အမယ်ရိပေါ်ပြောတာမှတိုးတိုးလေး ။ သူ့ရှုးကပိုကျယ်နေတယ်။

"မှီလေ "

"မမှီဘူး "

"ကိုယ်မှီမယ် "

"မမှီနဲ့ "

ရှယ်ငြင်းပလန်နဲ့ငြင်းချနေတာပဲ ။ ပေါက်ပေါက်စုပ်ကိုနှိုက်လာတဲ့လက်ကချော်တောငေါပြီးရိပေါ်ပြောင်းဖူးတောင့်ကိုလာထိတယ် ။

"ဟေး မှားနေပြီ "

"ဆောရီး "

"ဒါလိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနော် ၊ အသားယူနေတာလား ကောင်လေး "

အမှောင်ထဲမှာတောင်ပါးလေးရဲသွားတာတွေ့တော့ အထိခံရတာလည်း တန်ပါတယ်လေ ။

"တောင်းပန်တဲ့အနေနဲ့ ပခုံးပေါ်မှီအိပ်လိုက်ပါလား လိမ္မာတယ်လေ "

"မလိမ္မာဘူး ၊ အေးဆေးကြည့်ပါရစေ ဘာတွေဖြစ်ကုန်ပြီလဲတောင်မသိတော့ဘူး "

မင်းဘာသာကန်းနေပြီးတော့ ။

ဘေးကဇက်ရိုးကျိုးနေသမျှအတွဲတွေကိုကြည့်ပြီးသူသက်ပြင်းချလိုက်တယ် ။ တစ်ယောက်ခုံနှစ်ခုံထက် အတွဲခုံတစ်စုံက သုံးဆလောက်စျေးမြောက်တယ် ။ ဒီလိုတောင့်တောင့်ကြီးထိုင်နေရမယ်မှန်းသိရင် ဝယ်မနေဘူးဒီနေရာ ။

"ရိပေါ် "

ပေါင်ကိုလက်နဲ့အသာပုတ်ရင်း ဘာကိုထိုးပြချင်နေမှန်းလည်းမသိ ။ သူကတော့ပေါင်ကိုလက်နဲ့တဘတ်ဘတ်လာချနေတာပဲငုံ့ကြည့်ဖြစ်တယ် ။

"ဘာလိုချင်လို့လဲ "

"သန့်စင်ခန်းသွားချင်လို့ "

"သွားလေ ထ "

"ဟင် ဘယ်မှာမှန်းမှမသိတာ မလိုက်ပေးဘူးလား  ? နှင်ထုတ်သလိုကြီးလာပြောနေတယ် "

-CRUSH-Where stories live. Discover now