-27-

7.2K 923 66
                                    

"ဟုတ် "

"အခုဘာလုပ်နေလဲ "

"ကျွန်တော်ဗိုက်နာနေလို့ "

"မိဘတွေရော "

"အာ အခုတစ်ယောက်ထဲ "

ရိပေါ်မတ်ခနဲဖြစ်သွားပြီး ဝတ်ရလွယ်တဲ့ဘောင်းဘီနဲ့တီရှပ်တစ်ထည်ကောက်စွပ်လိုက်တယ် ။

"ခဏစောင့်နေ "

ရှောင်းကျန့်ဖုန်းကျသွားတာကြည့်ရင်း နားမလည်စွာနဲ့ပြန်ခေါ်လိုက်တယ် ။

"ပေါင်ပေ့ခဏနေဦး ကိုယ်ဆရာဝန်ခေါ်မလို့ "

"ဘာလုပ်ဖို့? နေမကောင်းဘူးလား "

"ပေါင်ပေ့ဗိုက်နာတယ်ဆို ၊ ဆရာဝန်ပင့်ပြီးလာခဲ့မယ် "

"မဟုတ်ဘူးရိပေါ်ရဲ့ ၊ ကျွန်တော် ရိပေါ်တိုက်အောက်မှာ ဘယ်အခန်းမှန်းမသိလို့​တက်
မလာတာ ၊အဲ့ဒါ အိမ်သာတက်ချင်လာလို့ "

"အာ တော်သေးတာပေါ့ ပူထူသွားတာပဲ ၊ အဲ့နေရာလေးမှာပဲနေနော်ကိုယ်လာခေါ်ပေးမယ် ဖုန်းမချလိုက်နဲ့ "

ရှောင်းကျန့်ဖုန်းဆက်ကိုင်ထားပြီးတစ်ဖက်ကအသံကိုနားစွင့်နေမိတယ် ။ ပြေးလာနေတာထင်တယ်  ။ ကြားထဲဆဲရေးသံလေးနည်းနည်းကြားရပြီးလိုင်းကပြတ်ချင်သွားသေးတယ် ။ ဓာတ်လှေကားထဲဝင်သွားပုံပဲ ။

သုံးမိနစ်လောက်ကြာပြီးနောက်မှာတော့သူ့မြင်ကွင်းထဲ ကြည့်ကောင်းနေတဲ့ပေါ့ပေါ့ပါးပါး
ရိပေါ်ပုံရိပ်လေးပေါ်လာခဲ့ပြီ ။ အမြဲရှိုးအပြည့်နဲ့တွေ့နေရတော့ ရှုပ်ပွနေတဲ့ပုံစံလေးက တစ်မျိုးလေးပဲ ။

"ကျွန်တော်စတိုးဆိုင်ရှေ့နားလေးမှာ ဆင်းခဲ့ပြီနော် "

ရှောင်းကျန့်ကိုလှည့်ပတ်ရှာရင်းအကြည့်ချင်းဆုံသွားတော့ပြေးလာကြိုတယ် ။

"ထွက်ကျတော့မှာလားအောင့်နိုင်သေးလား "

"တိုးတိုးပြောစမ်းပါရှက်စရာကြီး "

"ဘာရှက်စရာရှိလဲ ၊ လာ ကော်ဖီဆိုင်ထဲလိုက်ပို့ပေးမယ် "

"ဟာ သုံးမိနစ်လောက်ပဲကြာတာကို အပေါ်လိုက်မယ် "

"အဲ့ဒါဆိုလည်းလာ "

လွယ်အိတ်နဲ့ထီးကိုသယ်ပေးပြီးတာတောင်
လူအကောင်လိုက်ကျန်တာကို ထပ်သယ်ချင်နေပုံရတယ် ။

-CRUSH-Where stories live. Discover now