-8-

8.2K 1.1K 106
                                    

တိုက်ခန်းထဲဝင်လာပြီးတာနဲ့မွေ့ယာပေါ်သူပစ်လှဲလိုက်တယ် ။ ဒယ်ဒီကသူအိမ်ခွဲနေချင်တယ်ပြောတာနဲ့ သူနေရလွယ်မဲ့ ကွန်ဒိုတစ်ခုကိုပေးခဲ့ပြီး ခြေသုတ်ခုံကအစဇိမ်ခံပစ္စည်းတွေချည်းထည့် ဆင်ပေးခဲ့တာ ။ သူသိပ်မနေဖြစ် ။ မူးရူးပျော်ပါးရင်း ၊ စာအတူလုပ်ရင်း ကြုံရာအိမ်၊ဟော်တယ်မှာပဲသူနေဖြစ်တာများခဲ့တယ် ။ ဒါမှမဟုတ်လည်းကိုယ့်အိမ်(မိဘအိမ်)  ပဲ ပြန်ဖြစ်တာမျိုးပေါ့ ။ ရှောင်းကျန့်အိမ်ထဲနာရီပိုင်းလောက်နေခွင့်ရပြီးတဲ့အချိန်မှာတော့သူအတွေးများလာခဲ့ရပြီ ။

သူ့တိုက်ခန်းကတကယ်ပဲစျေးကြီးတယ် ။ ဒါပေမဲ့ရှောင်းကျန့်နေရာလောက်မနွေးထွေး ။ ရှောင်းကျန့်ဒီမှာလာနေရင်ရော?  ဒါဆိုတစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်သည် ။ သူ့ခံယူချက်က ပိုက်ဆံနဲ့ပျော်ရွှင်မှုကိုဝယ်နိုင်တယ် ။ ဝမ်းနည်းမှုတော့ ပြောင်းလဲပေးနိုင်မှာမဟုတ်ဘူး ။ ဒါကြောင့်ငွေနဲ့ရနိုင်သမျှပျော်ရွှင်မှုကိုသူဝယ်ခဲ့ပြီးပြီ။မတတ်နိုင်တဲ့ဝမ်းနည်းမှုတစ်ခုရှိရင်ဝယ်နိုင်တဲ့ပျော်ရွှင်မှုနှစ်ခုနဲ့ဖြေသိမ့်တာပေါ့ ။

အခုတော့ခံယူချက်ကနည်းနည်းပြောင်းလာသည်။ ဝယ်ယူနိုင်တာက ရှောင်းကျန့်မဟုတ်သေးသ၍ သူ့အတွက်ငွေဆိုတာက တန်ဖိုးကျဆင်းလာတယ် ။

ဖုန်းကိုစစ်ဆေးပြီးမှအိပ်တတ်တဲ့အကျင့်ကြောင့်မျက်လုံးတွေမပိတ်ခင်သူဖုန်းဖွင့်လိုက်တယ် ။ မထင်မှတ်ထားတဲ့စာတစ်စောင်ကသူ့ကို ဝုန်းခနဲပြန်ထစေတာပဲ ။

- အိမ်ပြန်ရောက်ပြီလား ?
-အိမ်ရောက်ရင်တစ်ချက်စာပို့ပေးဦးနော်

စာက လွန်ခဲ့တဲ့ဆယ်မိနစ်ထဲက ။ သူတို့နေရာနှစ်ခုက ကားပိတ်ချိန်ဆိုနာရီဝက်ကနေတစ်နာရီလောက်ကြာတယ် ။

-ကိုယ်ပြန်ရောက်ပြီ

သူစာပို့လိုက်တော့တစ်ဖက်က ချက်ချင်းစာပြန်လာတယ် ။

- အဲ့ဒါဆို ကျွန်တော်အိပ်တော့မယ် ၊ ကောင်းသောညပါ

-ကိုယ်မင်းကိုချစ်တယ်
-လေးလေးနက်နက်ဆိုတာတော့ယုံပေးပါ

-CRUSH-Where stories live. Discover now