''ဦးဦး မင်္ဂလာနံနက်ခင်းပါ ''

''ချီချီ မင်္ဂလာနံနက်ခင်းပါ '' ကျန်းချွမ်ကလည်း ပြန်နှုတ်ဆက်လာသည်။

ထို့နောက် ယန်းချင်းချီကိုကြည့်လိုက်ကာ

''ဒီနေ့ သခင်လေးကို ကျောင်းလိုက်ပို့မလို့လား ''

''ဟုတ်တယ် '' ယန်းချင်းချီ ကျန်းချွမ်ကိုကြည့်ရင်း '' အပန်းကြီးစေမိပြီ ''

''ရပါတယ် မစ္စတာ ဒါကကျွန်တော့်တာဝန်ပါ ''

ယန်းချင်းချီ တဖက်လူဆီကနေ မစ္စတာလို့ခေါ်သံကြားမှ စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်မိသည်။ စစလာချင်းတုန်းကဆို ကျန်းချွမ်ကသူ့ကို မစ္စကျန်းဟုတိုက်ရိုက်ကြီးခေါ်လာခဲ့သည်။ သူနဲ့ကျန်းမော့ချန်က တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင်ပြီး မစ္စတာကျန်း၊မစ္စကျန်းဟု ခေါ်နေကြသော်ငြား ဒါကစုံတွဲတွေကြားက ကလူကျီစယ်မှုဖြစ်သည်။ သို့သော် တခြားလူဆီကနေ မစ္စကျန်းလို့အခေါ်ခံရလိုက်တော့ နည်းနည်းလေးရှက်ဖို့ကောင်းတာကြောင့်

''နာမည်ပြောင်းခေါ်ပေးလို့ရမလား အဲ့လိုကြီးအခေါ်ခံရတာ စိတ်မသက်မသာဖြစ်စေလို့ ''

ကျန်းချွမ်ကလည်း အားနာသွားဟန်ဖြင့်

''မစ္စကျန်းလို့မခေါ်ရင် ဘယ်လိုခေါ်ရမလဲ အားချီလို့ခေါ်လို့ရမလား ကျွန်တော့်ကိုအားချွမ်လို့ခေါ်နိုင်ပါတယ် ''

ယန်းချင်းချီအတွက်ကတော့ မစ္စကျန်းလို့မခေါ်သရွေ့ တခြားနာမည်တွေကပြဿနာမရှိပါ။ သို့သော် သူကပြဿနာမရှိတိုင်း ကျန်းမော့ချန်ကတော့ ပြဿနာမရှိဘူးဟုမဆိုလိုပေ။ ကျန်းချွမ်သူ့ကို အားချီလို့ခေါ်နေတာကိုသာ ကျန်းမော့ချန်ကြားသွားလျှင် ဖြစ်သွားမဲ့ရုပ်ကြီးက တော်တော်လေးကိုကြည့်လို့လှနေလိမ့်မည်။ သူခေါင်းခါလိုက်ကာ

''အဲ့ဒါလည်းမဖြစ်ဘူး ''

''ဒါဆိုဘယ်လိုခေါ်ရမလဲ '' ကျန်းချွမ်ကမေးလာသည်။

ယန်းချင်းချီ စဥ်းစားနေလိုက်သည်။ ချင်းချီလို့ခေါ်ခိုင်းလည်းအဆင်ပြေသော်ငြား ကျန်းမော့ချန်ကသူ့ကို ချင်းချီလို့ခေါ်နေခြင်းဖြစ်တာကြောင့် သူများခေါ်တာကြားလျှင် ရှာလကာရည်ကထပ်မှောက်ဦးမည်။ ချင်းချီတောင်မရတာ ရှောင်ချီဆိုဝေးစွ။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now