မေမေယန်းပြန်သွားပြီးနောက်တနေ့မှာ ဘယ်လိုကနေဘယ်လိုသတင်းရသွားမှန်းမသိသော မေမေကျန်းကသူ့ဆီဖုန်းဆက်လာပြန်သည်။

'' ရှောင်ချီအာ အကုန်လုံးကအမေတွေပဲလေ သားက သားရဲ့မားကျလာခွင့်ပြုပြီး မားကိုကျလာခွင့်မပြုတော့ သားတို့အိမ်က သားကို ကျန်းအိမ်ကအလေးမထားဘူးလို့ထင်သွားမှာပေါ့ ''

မဟုတ်ပါဘူး၊ ကျွန်တော်တို့မိသားစုက ကျန်းအိမ်ကိုအဲ့လိုမထင်ပါဘူး။ သို့သော် ထိုစကားတွေကို အပြင်မှာထုတ်မပြောလိုက်ပဲ အပြုံးလေးဖြင့်သာ ကျန်းမော့ချန်အမေကိုမျက်နှာသာပေးလိုက်ရသည်။

''မား ဘယ်တော့လာမှာလဲ ''

မေမေကျန်းကလည်း ဖုန်းချပြီးတာနဲ့ ချက်ချင်းရောက်ချလာသည်။ ထို့အပြင် သူများတွေလက်ဆောင်ပေးလိုက်သည့် အားဖြည့်ဓာတ်စာတွေရော၊ သူမဘာသာသူမဝယ်လာသည့် အားဆေးတွေပါမကျန် ဒရိုင်ဘာဖြင့်အိမ်ထဲအကုန်သယ်လာတာကြောင့် ယန်းချင်းချီတို့အိမ်တံခါးဝမှာ ဘူးတွေ၊အထုပ်တွေပြည့်သွားလေသည်။

ယန်းချင်းချီ ဒရိုင်ဘာသယ်လာသည့် ငှက်သိုက်တွေ၊ပင်လယ်ခရုတွေ၊ဂျင်ဆင်းတွေကိုကြည့်လိုက်ကာ ဒါတွေအတင်းစားခိုင်းတော့မည်ဟု အာရုံတွေကြိုရနေမိသည်။

သိပ်မကြာခင်မှာပဲ မေမေကျန်းကလည်း သူ့အတွေးတွေကိုအတည်ပြုပေးလိုက်လေသည်။

''ရှောင်ချီ ဒီငှက်သိုက်က မားသူငယ်ချင်းလက်ဆောင်ပေးထားတာ သီးသန့်ထုတ်ကုန်မို့ ဓာတ်စာအဖြစ်စားလို့ရတဲ့အပြင် ကလေးအတွက်လည်းကောင်းစေတယ် ​များများစားပေးရမယ်နော် ''

ယန်းချင်းချီ ခေါင်းငြိမ့်လိုက်သည်။

'' ဒီပင်လယ်ခရုကကျ မားသူငယ်ချင်းကညွှန်းလိုက်တာ သူ့ချွေးမကိုယ်ဝန်စရှိခါစကလည်း ဒီပင်လယ်ခရုကိုကျွေးပေးတယ်တဲ့ မွေးလာတဲ့ကလေးလေးကအရမ်းဉာဏ်ကောင်းပြီး ချစ်ဖို့ကောင်းတာ သားလည်းစားရမယ်နော် ဒါပေမဲ့အများကြီးမစားရဘူး မားအညွှန်းအတိုင်းသေချာကျွေးမယ် ''

ယန်းချင်းချီ ခေါင်းဆက်ငြိမ့်နေလိုက်သည်။

'' ဒီဂျင်ဆင်းကလည်းကောင်းတယ်သိလား မားသူငယ်ချင်းကဆရာဝန်လေ သူပြောတာတော့ ကိုယ်ဝန်ဆောင်သည်တွေက ကိုယ်ဝန်အစောပိုင်းကာလမှာဂျင်ဆင်းစားပေးရတယ်တဲ့ အဲ့ဒါက သားရဲ့ကိုယ်ခံအားကိုမြှင့်တင်ပေးပြီး အအေးမိတာ၊ဖျားတာကိုလည်းကာကွယ်ပေးနိုင်တယ် အခုတလောရာသီဥတုကခြောက်ကပ်ကပ်ကြီးနဲ့ မိုးမရွာ၊နှင်းမကျ၊ခပ်မှိုင်းမှိုင်းကြီးဖြစ်နေတာ အအေးမိလွယ်တယ် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဂျင်ဆင်းလေးသောက်ထားရမယ်ဟုတ်ပြီလား ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now