''သတ္တိကောင်းလှချည်လား ညီလေး ''

ထိုရှစ်ယောက်မှာ နှုတ်ခမ်းထောင့်နားအမာရွတ်ဖြင့် ခေါင်းဆောင်ဟုထင်ရသောသူက ယန်းချင်းချီကိုကြည့်ရင်း မခနဲ့ပဲမနေနိုင်ခဲ့။ ဒီလိုအချိန်မှာတောင် ကလေးကိုချော့ချင်စိတ်ရှိသေးတာလား။

ချီချီက အသံတိုးလေးဖြင့် ဂဏန်းတွေရေရွတ်နေသည်။

'' ၆....၇...၈.... ''

ယန်းချင်းချီ ကလေးရဲ့နားတစ်ဖက်ကိုရင်ခွင်ထဲအပ်ပြီး ကျန်နားတစ်ဖက်ကို လက်ဖြင့်အုပ်ကိုင်လိုက်သည်။ ချီချီက သူ့ပါးပါး နည်းနည်းလေးထူးဆန်းနေသည်ဟု ထင်လိုက်သော်ငြား ဂဏန်းအပေါ်အာရုံမစိုက်လျှင် မေ့သွားပြီးအစကနေ ပြန်ရေရမှာစိုးတာကြောင့် ဘာလို့နားပိတ်လိုက်တာလဲဟု လှမ်းမမေးတော့ပါ။

''မင်းတို့ငါ့ဆီလာတာမလား ကလေးနဲ့ဘာမှမဆိုင်ဘူး သူ့ကိုအရင်ဆုံးကားထဲထည့်ခွင့်ပေး ပြီးမှငါတို့ဆက်ရှင်းကြမယ် ရမလား ''

''ဒါတော့မဖြစ်ဘူးလေ မင်းကားထဲဘာတွေရှိနေမှန်းမှငါတို့မသိတာ ဓားတွေဘာတွေဆွဲထုတ်လာရင်ဘယ်လိုလုပ်မလဲ စိတ်မပူပါနဲ့ ငါတို့မင်းရင်ခွင်ထဲက ကလေးလေးကိုမထိပါဘူး ဒီလောက်ချစ်ဖို့ကောင်းတာ ဘယ်သူကထိရက်မှာလဲ သူ့ကိုအောက်ချထားလိုက် ''

ယန်းချင်းချီကလည်း တဖက်လူ၏ပေါက်ကရစကားတွေကို တစ်စက်ကလေးတောင် ယုံကြည်မနေပါ။ တကယ်လို့ သူ ချီချီ့ကိုအောက်ချလိုက်တာနဲ့ ချီချီ့ကိုလုပြီး အကြပ်ကိုင်လာတာတို့ ပြန်ပေးဆွဲသွားမှာတို့ လုပ်လာရင်ဘယ်လိုလုပ်မလဲ။

သူ ဒီလိုအချိန်မျိုးမှာ ဘယ်သူနဲ့မှမချချင်ပါ။ ပထမတစ်ချက်၊ ဒီနေရာမှာချီချီရှိနေသည်။ ချီချီ့အား ခိုက်ရန်ဖြစ်ပွားတာမျိုးတွေကို မမြင်တွေ့စေချင်ပေ။ ဒုတိယတစ်ချက်၊ သူ့ဗိုက်ထဲမှာနောက်တစ်ယောက်ရှိနေသည်။ ထိုပိစိလေးကိုလည်း သူ့လှုပ်ရှားမှုကြောင့်မထိခိုက်စေချင်ပါ။ ဒေါက်တာနဲ့အမေနှစ်ယောက်ကျေးဇူးကြောင့် အစောပိုင်းသုံးလမှာ အရမ်းဂရုစိုက်ပေးရမည်ဆိုသည့်အချက်အား ကျန်းမော့ချန်တစ်ယောက် နေ့တိုင်းတတွတ်တွတ်ရေရွတ်နေသည်။ သူလည်းနားပူအောင်ကြားနေရတာကြောင့် ဒီလူတွေနဲ့ချလိုက်လျှင် ဗိုက်ထဲက ကလေးလေးတစ်ခုခုဖြစ်သွားမှာကို စိတ်မပူပဲမနေနိုင်ပါ။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now