ချီချီရဲ့အရုပ်ဆက်နေတဲ့လက်လေးက ရပ်တန့်သွားကာ ယန်းချင်းချီကိုမော့ကြည့်ပြီး အသံတိုးလေးဖြင့်မေးလာသည်။

''ပါးပါးအလုပ်ပြန်လုပ်ရတော့မှာလား ''

ယန်းချင်းချီ ချီချီ့ကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး တင်းတင်းကြပ်ကြပ်လေးဖက်ထားကာ ကလေးရဲ့စိတ်မလုံခြုံမှု ပြေပျောက်သွားအောင် ခပ်ဖွဖွလေးနမ်းနေလိုက်သည်။

''ပါးပါး အလုပ်ပြန်မလုပ်ပါဘူး ပါးပါးက ဒီတိုင်းမေးကြည့်တာ ချီချီနဲ့အကြာကြီးနေဦးမှာ ဘယ်မှမသွားဘူး ''

ချီချီက ယန်းချင်းချီရင်ခွင်ကိုမှီကာ ခေါင်းလေးငုံ့ရင်း သူ့လက်လေးသူကစားနေသည်။

''တစ်ခါတလေကျတော့လည်း တစ်ယောက်ထဲဆော့ရင် အထီးကျန်တာပေါ့ ဒါပေမဲ့ကိစ္စမရှိပါဘူး ကျောင်းမှာအတူတူဆော့ပေးမဲ့ သူငယ်ချင်းတွေရှိတယ် အိမ်ပြန်ရောက်လာရင် ပါးပါးနဲ့ကာတွန်းကားကြည့်မယ် ပြီးရင်အိပ်မယ် အားလုံးအဆင်ပြေပါတယ် ဟီးဟီး ''

ယန်းချင်းချီ ကလေးပါးလေးကိုညှစ်လိုက်ကာ ငြင်ငြင်သာသာလေးမေးလာသည်။

''ပါးပါးက ချီချီမပျင်းရအောင် အဖော်လေးရှာပေးမယ်ဆိုရင်ရော ဘယ်လိုလဲ ''

ချီချီကနားမလည်သဖြင့် မအူမလည်လေးပြန်မော့ကြည့်နေသည်။

ယန်းချင်းချီ ပြုံးပြလိုက်ကာ

''ချီချီ အဖော်ရအောင် ညီလေးတွေ၊ညီမလေးတွေလိုချင်လား သားဒယ်ဒီလိုမျိုးလေ သားဒယ်ဒီက သားကူးကူးရဲ့ မောင်လေးလေ အာ တီတီချင်းရှီကိုရော ချီချီမှတ်မိလား ပါးပါးညီမလေးလေ ''

ချီချီက ယန်းချင်းချီဘာပြောချင်မှန်းနားမလည်သဖြင့် မျက်မှောင်လေးကြုံ့ရင်း ပြန်မေးလာသည်။

''ဘာအဓိပ္ပါယ်လဲဟင် ''

''ဒီမှာကြည့် '' ယန်းချင်းချီက ကလေးရဲ့လက်ပုတိုလေးကိုမြှောက်ကာ သူနဲ့အတူတူရေတွက်စေသည်။ ''ပါးပါးတို့မိသားစုမှာဆို ဖိုးဖိုးနဲ့ဖွားဖွားမှာ ကလေးနှစ်ယောက်ရှိတယ် ပါးပါးနဲ့တီတီချင်းရှီနဲ့ ဟုတ်တယ်မလား ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now