''မနက်ဖြန်ရိုက်စရာအခန်းတွေရှိလား ''

''၁၀ နာရီလောက်မှာ တစ်ခန်းရိုက်ရမယ် အဲ့နောက်ပိုင်းတော့အားတယ် ကျွန်တော်မနက်ပိုင်းသွားရိုက်ပြီးတာနဲ့ ပြန်လာခဲ့မယ်လေ ကျွန်တော်ပြန်လာတာကို စောင့်ရင်း တမနက်လုံး ချီချီမပျင်းရအောင် ခင်ဗျားအဖော်ပြုပေးနေလိုက် ''

''အင်း ''

''ရုတ်တရက်ကြီး မပြောမဆိုနဲ့ရောက်ချလာတာ ကျွန်တော့်ဆီကအတတ်ကောင်းလေးတွေ သင်ယူထားတယ်ပေါ့ '' ယန်းချင်းချီ စနေလိုက်သည်။

ကျန်းမော့ချန်က အပြုံးလေးဖြင့်

''အဲ့တော့ အံ့သြသွားရဲ့လား ''

''ချီချီ့ကိုတွေ့လိုက်ရတော့ တော်တော်လေးကိုအံ့သြသွားတာ ''

''ကိုယ့်ကိုတွေ့ရတာမအံ့သြဘူးပေါ့? ''

''ခင်ဗျားကိုတွေ့ရတာ ဘာအံ့သြစရာရှိလို့လဲ နေ့တိုင်း Video Callပြောရင် မြင်နေရတဲ့ဟာကို ''

''ဟာ! မင်း ဒီနေ့ ချီချီ့အားကိုးနဲ့ အချိုးတွေပြောင်းနေတယ်ပေါ့? မတွေ့ရတာရက်ပိုင်းပဲရှိသေးတယ် အရသာရှိတဲ့ပျော့အိအိဂျယ်လီလေးကနေ ဘယ်လိုလုပ် စားလိုက်ရင်တဖောက်ဖောက်ထမြည်တဲ့ သကြားလုံးကြီးဖြစ်သွားရတာလဲ ''

ယန်းချင်းချီက တဖက်လူခိုင်းနှိုင်းပုံကိုသဘောကျသွားတာကြောင့်

''တဖောက်ဖောက်ထမြည်တဲ့သကြားလုံး? ဟားဟား ဥပမာက ချစ်စရာကောင်းလိုက်တာ ''

''ချစ်ဖို့ကောင်းတော့ရောဘာလုပ်လို့ရမှာလဲ ချိုမှမချိုတာ ''

ယန်းချင်းချီ ဒီလူကိုတကယ်မနိုင်တော့တာကြောင့်

''ခင်ဗျား အခုတလော ချီချီ့ထက်ပိုပြီးကလေးဆန်နေတယ်ဆိုတာကိုရောသိလား ''

''အဲ့ဒါကိုချီးကျူးတယ်လို့ပဲသတ်မှတ်လိုက်မယ် ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ဘေဘီလေးနဲ့ အနှိုင်းခံရတာ ဒါ ဂုဏ်ယူစရာပဲ ''

ယန်းချင်းချီ ထိုစကားကြားတော့ ထပ်မရယ်ပဲမနေနိုင်ခဲ့။ ဘာလို့ဒီလူက ဒီလောက်တောင်ချစ်ဖို့ကောင်းနေရတာလဲ။ သူရယ်လို့ဝသွားတော့ လည်ချောင်းရှင်းလိုက်ကာ အလေးအနက်ထား၍ပြောလာသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now