-1-

32.7K 1.6K 354
                                    

[ Sensitive Word တွေကို Charater လိုအပ်ချက်အရ ဟာသအနေနဲ့ပဲထည့်သွင်းရေးသားထားပြီး မည်သည့်လူမျိုး၊ အသားအရောင် ၊ ဖြစ်တည်မှု ၊ ရှင်သန်ရပ်တည်မှုမျိုးကိုမှရည်ရွယ်ကာ စော်ကားပုတ်ခတ်လိုခြင်းအလျဥ်းမရှိပါဗျ ]

စကွက်ထဲကကောင်ကိုခြံခုန်သွားတဲ့ ကောင်မလေးအား သူတို့ယောကျာ်းဆန်ဆန် ရန်သွားတွေ့ဖြစ်ခဲ့ကြတယ် ။ ပုံမှန်အားဖြင့်ရိပေါ် ဒီလိုကလေးဆန်တာတွေစိတ်မပါပေမဲ့ ခွေးသားလေးက မူးရူးပြီးသောင်းကြမ်းနေတယ်လေ ။ မခံမရပ်နိုင်အောင်နားညည်းလာတာကြောင့် Mission ထဲ သူပါခဲ့ရတာ ။

ရိပေါ်က သည်အဖွဲ့ထဲမှာတော့အငယ်ဆုံး ။
စိတ်မပါရင်မေးတာတောင်ပြန်မဖြေချင်ပေမဲ့ ရန်ဖြစ်တော့မယ်ဆုံးဖြတ်လိုက်ရင်လည်း
မိုးနတ်မင်းကြီးဆင်းတားရင်တောင်
ကန်တော့ဆွမ်းခဏကျွေးထားပြီး ဆက် Fight မဲ့ကောင် ။

-Bitch

သူတို့ကောင်မလေးဘက်က ဝန်ခံစကားတစ်ခုခုထွက်လာတဲ့အထိရန်စကားတွေနဲ့ မန့်နေခဲ့ကြတာဖြစ်တယ် ။

-သူဘယ်လောက်မှားခဲ့ခဲ့လေ ၊
မိန်းကလေးတစ်ယောက်ကို ခွေးမကြီးလို့တော့မခေါ်ပါနဲ့လား ၊ ငါအမြင်မတော်တော့လို့

-မင်းကသူ့ဘဲအသစ်ကြာကူလီလား

-မဟုတ်ရပါဘူး ၊ ငါဒါမျိုးမလုပ်ဘူး

-စောက်ဆရာကြီးပေါ့ ဒါဆို ငါ့ရှေ့ -င်လာကုန်းလိုက် ဆရာကြီး

-ဟာ ရိုင်းလိုက်တာ ၊ မင်းအမေမြင်ရင်တော့မင်းအတွက် အရှက်ရမှာပဲ

-မင်းအဖေငါကတော့မရှက်ဘူး မဆိုင်ရင်ဝင်မရှည်ဘဲ လစ်လိုက်တော့

-ငါဝင်ရှည်တာမဟုတ်ပါဘူး ဒါပေမဲ့မင်းတို့နဲ့ဖြစ်တာသူပဲလေ ၊ မင်းကသူ့ကိုခွေးမကြီးလို့ဆဲရင် သူ့အမေနဲ့သူ့အဖေက ဘာဖြစ်သွားမလဲနော် တွေးပါဦး ၊ မင်းမှာ ကိုယ်ချင်းစာတတ်ဖို့မိဘတွေမရှိဘူးလား ( ရှိခဲ့ရင် ဦးဦးဒေါ်ဒေါ်တို့ကိုကန်တော့ပါ ၊ အရမ်းစိတ်ဆိုးလာလို့ Acc ပိုင်ရှင်ကအရမ်းရိုင်းတာပဲဗျာ ၊ အေးဆေးလေး ပြောတာကို

"ဟ ဘာလား "

ရိပေါ်ကို ဖုန်းကိုဆွဲထိုးချင်လာတဲ့အထိ အူထဲအသည်းထဲယားသွားပေမဲ့ ဟိုကောင်ပြောတဲ့
ရိပေါ်အမေကြီးက ဖုန်းထပ်ကွဲရင်ဆံပင်မွှေး
စောင့်ဆွဲပစ်မယ်လို့ကြိမ်းထားခဲ့တာ ။ သူကလည်းသူ ။ ဖွန်ကြောင်ဖို့အရေးပေါ်အသုံးစရိတ်လိုလာရင် ဖုန်းလေးကို ဗိုက်နာစျေးမဟုတ်တဲ့ နှာခေါင်းနာကျတဲ့စျေးနဲ့ရောင်းပစ်ခဲ့တာ ဒီလထဲ ခြောက်လုံးရှိပြီ ။

-CRUSH-Where stories live. Discover now