ယန်းချင်းချီ ပန်းသီးကိုချလိုက်ကာ ဆိုဖာပေါ်ပြန်မှီလိုက်ရင်း

''ဒီVideoတွေပြန့်သွားတာနဲ့ မင်းရဲ့မိဘတွေ၊ မင်းရဲ့သူငယ်ချင်းတွေ၊ မင်းရဲ့လုပ်ဖော်ကိုင်ဖက်တွေမြင်သွားမှာကို မင်းကိုယ်တိုင်လည်းမလိုချင်ဘူးမလား အွန်လိုင်းပေါ်မှာ လူထုဝေဖန်တာခံရမဲ့ အဓိကဇာတ်လိုက်မင်းသားကြီးတော့ မဖြစ်ချင်သေးဘူးမလား အဓိကကတော့ မင်းက အွန်လိုင်းပေါ်မှာ ငါတို့နှစ်​ယောက်အတူရှိနေကြပါတယ်လို့ပြောလိုက်တာနဲ့ ငါကလည်း ဘာလို့အတူမရှိနေနိုင်တော့တာလဲဆိုတဲ့ အချက်ကိုချပြလိုက်ရုံပဲ မင်းကဖောက်ပြန်တဲ့လူ လှေနံနှစ်ဖက်နင်းခဲ့တဲ့လူ အဲ့တော့လူထုအမြင်က ဘယ်သူ့ဆီမှာရှိနေမယ်လို့ထင်လဲ ရည်းစားထားဖူးတဲ့ငါ့အပေါ်လား ဒါမှမဟုတ် ခြံခုန်သွားတဲ့မင်းအပေါ်လား မင်းအခုထိလည်း အဲ့လိုမျိုးတွေလုပ်နေတုန်းပဲမလား ငါ့တို့တိုင်းပြည်က ခြံခုန်တွေ၊စနိုက်ကြော်တွေဆို ဘယ်လိုမျက်စိနဲ့ကြည့်ပြီး ဘယ်လိုသဘောထားလဲ ဆိုတာ​ရော ရှင်းရှင်းလင်းလင်းသိတယ်မလား ''

လီရှင်းရန် ဘာမှပြန်မပြောနိုင်တော့ပါ။

''ပြီးတော့ '' ယန်းချင်းချီအသံမှာ ခြိမ်းခြောက်နေသည့်အသံမျိုးနှင့် တစက်ကလေးမှမတူပဲ နူးနူးညံ့ညံ့ '' မင်းဖောက်ပြန်နေတာကိုတွေ့လို့ ဝက်ခေါင်းရုပ်ဖြစ်သွားအောင်ရိုက်ခဲ့တဲ့ငါက၊ မင်းအပေါ်ဘာခံစားချက်မှမရှိတော့တဲ့ငါက မင်း အဲ့လိုမျိုးတွေဖွချင်ရာဖွပြီး ပျော်ပျော်ရွှင်ရွှင်နေနေတာကို ထိုင်ကြည့်နေမယ်လို့များထင်နေတာလား ငါအခုနာမည်နည်းနည်းလေးရလာပြီ ငါ့မှာအဆက်အသွယ်တွေရှိလာပြီ ငါ မင်းကိုရှာချင်သရွေ့ အချိန်နဲ့ငွေကိုကောင်းကောင်းသုံးပေးနိုင်ရင် မင်းကိုသေချာပေါက်ရှာတွေ့တယ် လူတစ်ယောက်ရဲ့အနာဂတ်ကိုဖျက်ဆီးလိုက်တာက ဘဝကိုသေအောင်လုပ်လိုက်တာနဲ့အတူတူပဲ ငါ့ကိုကျလုပ်ချင်ရာလုပ်သွားပြီး မင်းကကျ သာသာယာယာလေးထထွက်သွားလို့ရမယ်လို့ ထင်နေတယ်ပေါ့? ''

ယန်းချင်းချီ အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။

''လီရှင်းရန် ငွေကြောင့်နဲ့ ကိုယ့်ကိုကိုယ်နောင်တရမဲ့ကိစ္စမျိုးတွေမလုပ်နဲ့ မင်းဒီလောက်ဉာဏ်ကောင်းနေတာ ဦးနှောက်ကြီးပါတော့စဥ်းစားတတ်မှာပဲ ဘယ်လောက်ရမယ်မှန်းမသိတဲ့ပိုက်ဆံအတွက်ကြောင့်နဲ့ ကိုယ့်နာမည်ကိုအပျက်စီးခံမယ်ပေါ့? အနာဂတ်ကျ ဘယ်နေရာမှာမှ ခေါင်းမဖော်ရဲပဲ ကုတ်ကုတ်လေးနေနိုင်မှာလား ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now