အခုရှိနေတဲ့သရုပ်ဆောင်တွေအားလုံးထဲမှာ ရေနဲ့ပတ်သက်လာလျှင် ကျန်းမော့ချန်ကအတော်ဆုံးဖြစ်တာကြောင့် ရေထဲလွှတ်ပေးလိုက်တဲ့ငါးလေးလိုမျိုး ဖျက်လတ်တက်ကြွနေသည်။ ဒီပြိုင်ပွဲမှာ သူ့ရဲ့ထူးချွန်ပြောင်မြောက်တဲ့စကေးလ်တွေကိုအသုံးချပြီး အနီအသင်းကိုနိုင်အောင်လုပ်ပေးခဲ့လေသည်။

သွေးပူလေ့ကျင့်တဲ့ ရေပေါ်ဘော်လီဘောကစားပွဲအပြီးမှာတော့ ဒီနေ့ရဲ့အဓိကပြိုင်ပွဲဖြစ်သည့် တံဆိပ်ပြားလုရမည့်အချိန်ကို ရောက်ရှိလို့လာသည်။ ရေပေါ်ကစားကွင်းထဲမှာ လျှောတွေ၊လှေကားတွေနဲ့ နေရာအကန့်အသတ်ရှိတာကြောင့် အရင်ကဆော့ခဲ့ရသည့် စာသင်ခန်းတွေလိုမျိုး နေရာကျယ်ကျယ်ဝန်းဝန်းဖြင့် သေချာမပုန်းနိုင်၊​မပြေးနိုင်ကြသော်ငြား တစ်ယောက်နဲ့တစ်ယောက်ဆွဲကြ၊လုကြ ရေထဲပြုတ်ကျကြနှင့် ဟာသလေးတွေတော့ရအောင်ဖန်တီးထားကြသေးသည်။

ဥပမာ တင်းဇီနန်က ယန်ရှောက်ရှောက်နောက်ကိုအမှီလိုက်လာသည်။ ယန်ရှောက်ရှောက်ကလည်း ရှေ့ကလျှောကိုမြင်တာနဲ့ ရေထဲကိုလျှောစီးချလိုက်ကာ တင်းဇီနန်ကို တာ့တာပြပြီးမျက်နှာတောင်ပြောင်ပြသွားသေးသည်။ သို့သော် သူမ မထင်လိုက်မိသည်က တင်းဇီနန်ကလည်း သူမလိုပဲလျှောစီးချလာမည်ဟုပင်။ နှစ်ယောက်သားအရှိန်ဖြင့် ရေထဲပြုတ်ကျသွားကာ ယန်ရှောက်ရှောက်ဘာမှမတုံ့ပြန်ရသေးခင် တင်းဇီနန်ကအောင်အောင်မြင်မြင်နဲ့ တဖက်လူလက်ကောက်ဝတ်ပေါ်က တံဆိပ်ပြားကိုဆွဲဖြုတ်ပစ်လိုက်သည်။ ယန်ရှောက်ရှောက်ကတော့ နှစ်စက္ကန့်လောက် ဘာဖြစ်သွားမှန်းမသိလိုက်ပဲ ငူငူငိုင်ငိုင်လေးထိုင်နေခဲ့လေသည်။

ကျန်းမော့ချန်ကတော့ သူ့ရဲ့အားသာချက်ကြီးကြောင့် အမြင့်ကနေပြုတ်ကျလာမည့် ပြိုင်ဘက်အသင်းသားတွေကို ရေအောက်ကနေ စောင့်ဖမ်းရလေသည်။ ရေထဲမှာ သူ့လောက်ဘယ်သူ့မှမမြန်တာကြောင့် သူကရေကူးရင်း လိုက်ဆွဲရမည့်တာဝန်ကိုယူထားရကာ ယန်းချင်းချီကတော့ ဘေးကနေတံဆိပ်ပြားလိုက်ဖြုတ်ရမည့် တာဝန်ယူထားလေသည်။ နှစ်ယောက်သားက အထာကျကျဖြင့် အပေးအယူမျှမျှပူးပေါင်းနိုင်ခဲ့တာကြောင့် ချန်ရွှမ်းလန်အသင်းသားတော်တော်များများရဲ့ တံဆိပ်ပြားတွေက သူတို့လက်ထဲမှာပင်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now